ရည်ရွယ်ချက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ရည်ရွယ်ချက်

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ပါသည်-

 ၁။      အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်၊

၂။       သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်၊

၃။      အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်၊

၄။      အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှု မရှိစေရေးအတွက် အကာအကွယ်ပေးရန်၊

၅။      အဂတိလိုက်စားမှု ကျူးလွန်သူများအား ထိရောက်စွာအရေးယူရန်၊

၆။      တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်။