ကော်မရှင် တံဆိပ်အကြောင်း

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဆောင်ပုဒ်

  • အဂတိ ပယ်ခွာ ပြည်သာယာ

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တံဆိပ်

 

အဓိပ္ပာယ်ဖော်ပြချက် -

ပထမစက်ဝိုင်းတွင် မြန်မာပြည်မြေပုံအား ငြိမ်းချမ်းခြင်း၊ ဖြူစင်သန့်ရှင်းခြင်းဖြစ်သည့် အဖြူရောင်ဖြင့် ပုံဖော်ကာ အေးချမ်းတည်ငြိမ်ခြင်း၊ ရင့်ကျက်ခြင်းဖြစ်သည့် အပြာရောင် စက်ဝိုင်းအတွင်း ပြည်ထောင်စုစိတ်ဓာတ်ကို ပေါ်လွင်စေရန် ထည့်သွင်းထားခြင်း ဖြစ်ပါသည်။  ဒုတိယစက်ဝိုင်းတွင် နိုင်ငံတော်အလံကို ကိုယ်စားပြုသည့် အဝါရောင်၊ အစိမ်းရောင်၊ အနီရောင်တို့ဖြင့် ထည့်သွင်းရေးဆွဲထားပါသည်။ တတိယစက်ဝိုင်းတွင်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မြန်မာနိုင်ငံဆိုသည့် စာသားအား ထည့်သွင်း ဖော်ပြထားပါသည်။ အထက်ပါစက်ဝိုင်း(၃)ခုအား အောင်မြင်မှုအထိမ်းအမှတ်လက်ဆောင်ဖြစ်သည့် တံခွန်ပုံစံဖြင့် ထောက်မ၍ ကော်မရှင်ဆောင်ပုဒ်ဖြစ်သည့် “အဂတိပယ်ခွာ ပြည်သာယာ” ဆိုသည့် စာသားအား ထည့်သွင်းထားပါသည်။