အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (TI) ၏ ၂၈-၇-၂၀၂၃ ရက်နေ့ထုတ် သတင်းလွှာ

  • Mon, 7 August 2023

- FIFA အမျိုးသမီး ကမ္ဘာ့ဖလားသည် အမျိုးသမီးများအတွက် အားကစားကဏ္ဍတွင် ကြုံတွေ့နေ ရသည့် စိန်ခေါ်မှုများကို ဖော်ပြနေသကဲ့သို့ မိမိတို့အတွက် နှစ်သက်ရာအသင်းကို အားပေးရန် အခွင့်အလမ်းတစ်ခုပင် ဖြစ်ပါကြောင်း၊ FIFA သည် ဒေါ်လာဘီလီယံပေါင်းများစွာရရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း အမျိုးသမီးများအနေဖြင့် ခံစားခွင့် အပြည့်အဝ မရရှိပါ ကြောင်း၊ ထို့အပြင် အမျိုးသမီး အားကစားသမားများသည် ခွဲခြားဆက်ဆံခြင်းများကိုလည်း ခံစားနေရပါကြောင်း။

- ကမ္ဘာပေါ်ရှိ အမျိုးသမီးတိုင်းအတွက် ကျား/မ ခွဲခြားခြင်းသည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်နေ သကဲ့သို့ အားကစားကဏ္ဍတွင်လည်း ထို့အတူပင် ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ အမျိုးသမီး ရေးရာအဖွဲ့၏ အချက်အလက်များအရ အားကစားကဏ္ဍသည် ကျား/မ ခွဲခြားမှု အများဆုံး နယ်ပယ်ဖြစ်ပြီး အမျိုးသမီးအားကစားသမား အများစုသည် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုကို ကြုံတွေ့နေရသကဲ့သို့ ဝင်ငွေပေါ်တွင် ရပ်တည်ရန် ခက်ခဲနေပါကြောင်း။

- ယခုနှစ်အစောပိုင်းတွင် လုပ်ခလစာ တန်းတူညီမျှ ရရှိရေးအတွက် အမျိုးသမီးကစားသမား ၁၅၀ ဦးခန့်က လကမှတ်ရေးထိုး တောင်းဆိုမှုတစ်ရပ် ပြုလုပ်ခဲ့ပါကြောင်း၊ ဥပမာအနေဖြင့် နိုင်ဂျီးရီးယား အမျိုးသမီးအသင်းအနေဖြင့် ပထမဦးဆုံးပွဲ၌ပင် လုပ်ခလစာ ခြိမ်းခြောက်မှု အကြပ်အတည်း ကြုံခဲ့ရပါကြောင်း။

- တန်းတူညီမျှ အခွင့်အရေး ရရှိရေး ကိစ္စရပ်များသည် ၎င်းတို့ကို ဟန့်တားနိုင်ခဲ့ပါကြောင်း၊ ယမန်နေ့ ကစားပွဲတွင် အိမ်ရှင် ဩစတြေးလျကို အနိုင်ယူခဲ့ပြီး အုပ်စု ပထမ ရရှိခဲ့ပါကြောင်း၊ အဆိုပါ အခြေအနေသည် အမေရိကန် ဒေါ်လာ ၁၁၀ မီလီယံ ရရှိနိုင်မည့် အခွင့်အရေးပင် ဖြစ်ပါကြောင်း၊ သို့ရာတွင် ယခင်နှစ်က အမျိုးသားအသင်း ရရှိခဲ့သည့် အမေရိကန် ဒေါ်လာ ၄၄၀ နှင့် ယှဉ်ပါက ကွာဟနေဆဲဖြစ်ပါကြောင်း၊ လစာနှုန်းထားကွာဟမှု ထက်ပို၍ သတိပြုမိ စေသည့် အချက်မှာ အမျိုးသမီးများအား အားနည်းချက်များအပေါ် အကျပ်ကိုင်ခြင်းနှင့် နှောင့်ယှက် ခြင်းတို့ကို ပိုမိုခံနိုင်ရည်ရှိစေခြင်းပင် ဖြစ်ပါကြောင်း။

- သို့သော် လစာမညီမျှမှုသည် အမျိုးသမီးအားကစားသမားများအတွက် စိုးရိမ်စရာ အကြောင်းအရာ တစ်ခုပင် ဖြစ်နေပါကြောင်း၊ အားကစားနှင့်ပတ်သက်သည့် အဖွဲ့အစည်းများတွင် အမျိုးသား များသည် ထိပ်ပိုင်းရာထူးနေရာများကို ပိုင်ဆိုင်ထားခြင်းကြောင့် မိန်းကလေးများနှင့် အမျိုးသမီးများ အနေဖြင့် လုပ်ပိုင်ခွင့်အာဏာအား အပြည့်အဝ မရရှိနိုင်တော့ဘဲ အလွဲသုံးစားပြုလုပ်မှုများကို ခုခံနိုင်စွမ်း မရှိတော့ပါကြောင်း၊  တာဝန်ရှိသူများနှင့် နည်းပြများ၏ ကျွမ်းကျင်မှု အခြေအနေ အား မေးခွန်းထုတ်ခဲ့သော်လည်း ကစားသမားများနှင့် နည်းပြများကြားတွင် ကြီးကြပ်မှု လျော့ရဲခြင်းနှင့် ရှင်းလင်းတိကျသော ကန့်သတ်ချက်များ မရှိခြင်းသည် နိုင်လိုမင်းထက်ပြု ခြင်းကို လက်ခံနိုင်သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပါကြောင်း၊ ကံမကောင်းစွာပဲ ဤကဲ့သို့ လုပ်ပိုင်ခွင့်အာဏာအပြည့်အဝ မရရှိခြင်းကြောင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် လုပ်ပိုင်ခွင့်အာဏာအား အလွဲသုံးစားပြုလုပ်လာခြင်းသည် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု အန္တရာယ်ကိုလည်း မြင့်မားစေပါကြောင်း။

- ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် FIFA မှ တာဝန်ရှိသူတစ်ဦးသည် ကမ္ဘာတစ်ဝှမ်းရှိ လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်မှုများအား တွေ့ရှိခဲ့မှုကို အတည်ပြုခဲ့ပါကြောင်း၊ လွန်ခဲ့သောနှစ်က ဂါးဒီးယန်းသည် အဖွဲ့ချုပ်နှင့်ဆက်စပ်၍ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ နှောင့်ယှက်ဖျက်ဆီး မှုနှင့် ဆက်နွှယ်သည့် အမှုပေါင်း ၄၀ ကျော်ကို အစီရင်ခံတင်ပြခဲ့ပါကြောင်း၊ အမည်းစက် ထင်ကျန်စေခြင်းနှင့် အရှက်နှင့် သိက္ခာတရားတို့အား ထောက်ထား၍ အစီရင်ခံတင်ပြမှု မရှိခြင်းတို့ကြောင့် အမှန်တကယ် ဖြစ်ပွားသည့် အမှုအရေအတွက်ကို ဖော်ထုတ်ရန်မှာ စိန်ခေါ်မှု တစ်ရပ်ကဲ့သို့ ဖြစ်နေပါကြောင်း။

- အဆိုပါ ကိစ္စရပ်အားလုံးကို လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်ခြင်းဟု ခွဲခြားသတ်မှတ်ထားခြင်း မရှိသော်လည်း အဆိုးရွားဆုံးကိစ္စများတွင် နည်းပြများနှင့် အေးဂျင့်များကဲ့သို့ အာဏာကို အလွဲသုံးစားလုပ်သူများ ပါဝင်လေ့ရှိပါကြောင်း၊ ဖြစ်ရပ်အမှန်မှာ အားကစားကဏ္ဍတွင် လိင်ပိုင်း ဆိုင်ရာ အလွဲသုံးစားပြုမှုများကို ကျယ်ပြန့်စွာ စုံစမ်းစစ်ဆေးခြင်း၏ ရလဒ်များမှာ ကမ္ဘာ့ဒေသ အားလုံးမှာ ရှိနေသော အားကစားကဏ္ဍများအပေါ် ပျံ့နှံ့လျက်ရှိသည့် ပြဿနာတစ်ခုဟု ညွှန်ပြနေခြင်းဖြစ်ပါကြောင်း။

- အားကစားကဏ္ဍတွင် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် လက်ရှိ တိုင်းတာမှုမှာ အလွဲသုံးစားပြုမှုကို ဟန့်တားရန် အစီရင်ခံမှု ယန္တရားများနှင့် ပိတ်ဆို့ အရေးယူမှုများအပေါ် သီးသန့် မူတည်နေခြင်း ဖြစ်ပါကြောင်း၊ သို့သော်လည်း အစီရင်ခံသည့် ချန်နယ်များ ထားရှိသည့်အခါတွင် ၎င်းတို့သည် လွတ်လပ်မှုကင်းမဲ့၍ လွတ်မြောက်လာသူ များအား ၎င်းတို့၏ တောင်းဆိုချက်များကို ယူဆောင်လာရန်အတွက် လုံခြုံစိတ်ချရသော လမ်းကြောင်းများ ပံ့ပိုးပေးရန် ပျက်ကွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အားကစားအဖွဲ့အစည်းများ သည် အလွဲသုံးစားလုပ်မှု အစီရင်ခံစာများကို ကောင်းစွာ ရှာဖွေပြီး စုံစမ်းဖော်ထုတ်ရန် စွမ်းရည်နည်းပါးလေ့ရှိပါကြောင်း၊ ဤအချက်များအားလုံးသည် တိတ်ဆိတ်နေပြီး အပြစ် ကင်းစင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးကာ အာဏာမညီမျှမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်း ဖြစ်ပါကြောင်း။

- မကြာသေးမီနှစ်များက FIFA အနေဖြင့် အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ သတိထားဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ် Men’s World Cup တွင် အဖွဲ့ချုပ်သည် ကစား သမားများအား နှောင့်ယှက်စော်ကားမှုများမှ အကာအကွယ်ပေးရေးအစီအစဉ်ကို စမ်းသပ် ခဲ့ပါကြောင်း၊ ယခုနှစ်တွင် အဆိုပါအစီအစဉ်၌ ထိခိုက်လွယ်သော အစုအဖွဲ့များအား အကာအကွယ်ပေးရေး တိုင်းတာချက် အကောင်အထည်ဖော်မှုများကို ဆောင်ရွက်ရန်နှင့် လုပ်ငန်းစဉ်များ၊ ကိရိယာတန်ဆာပလာများအား ထည့်သွင်းရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါဆောင်ရွက်ချက် အရင်းအမြစ်အသစ်များမှ တစ်ဆင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံ ခံရခြင်းအား ယဉ်ကျေးမှုသဖွယ် ဖြစ်ပေါ်နေမှုများကို ပြောင်းလဲရန် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှုများနှင့် ပေါင်းစပ်ဆောင်ရွက်သင့်ပါကြောင်း။

- ကြိုတင်ကာကွယ်ခြင်းသည် ထိရောက်သော ခံစစ်ပုံစံဖြစ်သောကြောင့် FIFA ကဲ့သို့ အားကစား အဖွဲ့အစည်းများအတွက် ပိုမိုခိုင်မာသော ကြိုတင်ကာကွယ်ရေး မူဘောင်များ ဖန်တီးမှုသည် ပထမဦးစားပေးဖြစ်သင့်ပါကြောင်း၊ သို့သော် ကြိုတင်ကာကွယ်မှု ပျက်ကွက်ပြီး အလွဲသုံးစား လုပ်မှုများ ဖြစ်ပေါ်လာသည့်အခါ ကစားသမားများ၏ လုံခြုံရေးနှင့်ဂုဏ်သိက္ခာကို အဖွဲ့အစည်း ၏ ဂုဏ်သိက္ခာနှင့် ငွေကြေးအမြတ်အစွန်းထက် သာလွန်ကာ ထားရှိသင့်ပြီး အမှားလုပ်သူ များကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း။

ဆက်စပ် သတင်းများ