Not out the Woods (TI News)

  • Fri, 30 June 2023

    အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (TI) ၏ ၃၀-၆-၂၀၂၃ ရက်နေ့ထုတ် သတင်းလွှာ တွင် အောက်ဖော်ပြပါ အချက်များ ဖော်ပြပါရှိပါသည်-

  • ဇမ်ဘီယာသမ္မတဟောင်း Edgar Lungu နှင့် ၎င်း၏မိသားစုသည် အငြင်းပွားဖွယ်ရာများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါကြောင်း၊
  • မကြာသေးမီက အာဏာပိုင်များသည် ယခင်သမ္မတဟောင်း၏ သားနှင့် ချွေးမကို ဖမ်းဆီး ခဲ့ပါကြောင်း၊ Dalitso Lungu နှင့် ၎င်း၏ ဇနီးကို ငွေကြေးခဝါချမှုနှင့် အမေရိကန်ဒေါ်လာ ၅ သန်းကျော် တန်ဖိုးရှိသော တရားမဝင်ပစ္စည်းများကို လက်ဝယ်ထားရှိမှုတို့ဖြင့် စွပ်စွဲထားပါကြောင်း၊ သို့သော်လည်း ၎င်းတို့နှစ်ဦး စလုံးသည် အာမခံဖြင့် လွတ်မြောက်လာခဲ့ပြီး တရားရုံးတွင် အမှုရင်ဆိုင်ရန် စောင့်ဆိုင်းလျက်ရှိပါကြောင်း၊
  • ယခင် အာဏာရပါတီဝင်ဟောင်းများက အစိုးရသစ်၏ နိုင်ငံရေးအရ ဖိနှိပ်မှုများ ဆက်လက်ဆောင်ရွက်နေသည့် အချက်အပေါ် ပြစ်တင်ရှုတ်ချခဲ့ကြပါကြောင်း၊ မကြာသေးမီက အာဏာပိုင်များသည် ယခင်သမ္မတ၏ ဇနီးနှင့် ၎င်းတို့၏ ကလေးနှစ်ဦးဖြစ်သည့် Dalitso နှင့် Tasila တို့နှင့် ဆက်နွှယ်နေသည့် ပိုင်ဆိုင်မှုပစ္စည်းအမျိုး ၂၀ ကို သိမ်းဆည်းခဲ့ပါကြောင်း၊
  • သမ္မတဟောင်း၏ သမီး Tasila အပေါ် မည်သည့်စွပ်စွဲချက်ဖြင့် စွပ်စွဲထားသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါကြောင်း၊ သို့သော်လည်း အာဏာပိုင်များက စုံစမ်းစစ်ဆေးရန် ဖြစ်နိုင်ခြေရှိသော အမှုတစ်ခုမှာ သစ်မွှေး (mukula wood) တရားမဝင်ကုန်သွယ်မှုတွင် သူမ၏ ပါဝင်ပတ်သက်မှုဖြစ်ပါကြောင်း၊ ဤရှားပါးသောသစ်ကို တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်(CITES)အောက်တွင် ထိန်းသိမ်းကာကွယ်ရန် ပြဋ္ဌာန်းထားပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့သည် ဇမ်ဘီယာရှိ ၎င်းတို့၏ TI ရုံးခွဲနှင့်အတူ ဤကိစ္စနှင့် စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ယခင်က တောင်းဆိုခဲ့သော်လည်း အရေးယူဆောင်ရွက်မှု မရှိခဲ့ပါကြောင်း၊
  • လွန်ခဲ့သည့် ၂ နှစ်ကို ကြည့်မည်ဆိုပါက ဇမ်ဘီယာနိုင်ငံ၏ သစ်တောသယံဇာတများ ခိုးယူခံနေရသည့် ထိတ်လန့်ဖွယ်ရာအကြောင်း ပေါ်ပေါက်လာပြီဖြစ်ပါကြောင်း၊ တုံ့ပြန်သည့် အနေဖြင့် တာဝန်ရှိသည့်ပါတီများကို တာဝန်ခံရန် မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများကို နှစ်ဆတိုးပြီး နိုင်ငံတကာသစ်ကုန်သွယ်မှုကို ရပ်တန့်ရန် အစိုးရသစ်အား တိုက်တွန်းထားပါကြောင်း၊ ဇမ်ဘီယာအာဏာပိုင်များက ဤမျိုးတုံးပျောက်ကွယ်လုနီးပါးရှိသော သစ်အား ခုတ်ယူခြင်းနှင့် တင်ပို့ခြင်းအား ဆိုင်းငံ့ထားပေးရန် အမိန့်ထုတ်ပြန်ခဲ့သည့်အတွက် ဝမ်းမြောက်ဝမ်းသာပါကြောင်း၊ မည်သို့ပင်ဆိုစေကာမူ မိမိတို့သည် CITES လက်အောက်ရှိ ပို့ကုန်ခွဲတမ်းကို သုညဖြစ်စေရန် စွဲစွဲမြဲမြဲလုပ်ဆောင်နေပြီး စွပ်စွဲချက်တွင် ပါဝင်နေသူများကို ဖော်ထုတ်နိုင်ရန်အတွက် တိကျသေချာသော စာရင်းစစ်ဆေးမှုပြုလုပ်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါကြောင်း၊
  • မကြာသေးမီက ထင်ရှားသော အဖိုးတန်သစ်ပင်များကို တရားမဝင် တင်ပို့ရောင်းချမှုနှင့် ပတ်သက်သည့် ထင်ရှားသော ဖမ်းဆီးမှုများ ရှိနေသော်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး အာဏာပိုင်များက ယင်းကိစ္စ၏ ရှုပ်ထွေးမှုများကို အပြည့်အ၀ ဖြေရှင်းနိုင်ခြင်း မရှိသေးပါကြောင်း၊
  • ဇမ်ဘီယာအာဏာပိုင်များသည် တိကျသေချာသော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်နှင့် လူတစ်ဦးချင်းစီ၏ သြဇာလွှမ်းမိုးမှု သို့မဟုတ် လုပ်ပိုင်ခွင့်အဆင့် မခွဲခြားဘဲ သက်သေထင်ရှားသော အမှုကိစ္စမှန်သမျှကို အရေးယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းစဉ် တစ်လျှောက်လုံး တရားမျှတမှုနှင့် သမာသမတ်ကျမှုရှိစေရေး အာဏာပိုင်များက သတိကြီးစွာထားရန် အရေးကြီးပါကြောင်း၊
  • အမှန်စင်စစ်တွင် သမ္မတ Hakainde Hichilema ၏ အုပ်ချုပ်ရေးသည် နိုင်ငံရေး အတိုက်အခံများကို ပစ်မှတ်ထားသည်ဟု စွပ်စွဲမှုများရှိခဲ့ပါကြောင်း၊ အဂတိလိုက်စားမှုများအတွက် စစ်မှန်သော တာဝန်ယူမှုရရှိရန် ယခင်သမ္မတမိသားစုနှင့်ပတ်သက်သည့် အမှုအခင်းများသည် ၎င်းတို့၏ အထောက်အ ထားများဖြင့် လွှမ်းမိုးခံရခြင်းထက် ခိုင်မာသော အထောက်အထားများဖြင့် တည်ဆောက်ထားကြောင်း သေချာစေရန် အာဏာပိုင်များအတွက် အရေးကြီးပါကြောင်း၊ ထို့အပြင် အစိုးရသည် ၎င်းတို့၏ ရာထူးအလိုက် အာဏာအလွဲသုံးစားပြုမှုများကို ထိန်းချုပ်ရန် သင့်တော်သည့် အစီအမံများ ချမှတ်ဆောင်ရွက်သင့်ပါ‌ကြောင်း၊ ဤချဉ်းကပ်မှုသည် အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုဆိုင်ရာ အခြေခံမူများကို လိုက်နာရန် အရေးကြီးပါကြောင်း၊
  • အမှန်မှာ အဂတိလိုက်စားမှုသည် ဇမ်ဘီယာ၏ စနစ်အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေဆဲဖြစ်ပါကြောင်း၊ ထိတ်လန့်စရာကောင်းသည်မှာ ၃ နှစ်ဆက်တိုက် Transparency International ၏ Corruption Perceptions Index (CPI) တွင် Zambia ၏ ရမှတ်များသည် ၁၀၀ တွင် ၃၃ မှတ်သာရရှိခဲ့ပြီး တိုးတက်မှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဝယ်ယူရေးကဏ္ဍအတွင်း အဂတိလိုက်စားမှုများ လျော့နည်းသွားသည်ဟုဆိုနိုင်သော်လည်း ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲရေးတွင် ပွင့်လင်းမြင်သာမှုမှာ အကန့်အသတ်ရှိပါကြောင်း၊
  • ဇမ်ဘီယာနိုင်ငံ၏ အဂတိလိုက်စားမှုပြဿနာသည် မိသားစုတစ်စု၏ လုပ်ဆောင်ချက်ထက် ကျော်လွန်၍ ကျယ်ပြန့်စွာ တာဝန်ခံမှုရှိရန် လိုအပ်ကြောင်း မီးမောင်းထိုးပြနိုင်ရန် အရေးကြီးပါကြောင်း၊ အဂတိလိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံတစ်ဝှမ်း ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးကို မြှင့်တင်ပေးသည့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ချက်များလိုအပ်ပါကြောင်း။


Source ===> Transparency International

ဆက်စပ် သတင်းများ