၉-၆-၂၀၂၃ ရက်နေ့ TI သတင်းလွှာ မှ ကောက်နုတ်ဖော်ပြချက်

  • Fri, 16 June 2023

အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (Transparency International-TI) သည် နိုင်ငံ ပေါင်း ၁၈၀ ၏ နှစ်အလိုက် အဂတိလိုက်စားမှု အညွှန်းကိန်း (CPI) များကို ထုတ်ပြန်ပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သတင်းလွှာများကိုလည်း ထုတ်ပြန်လျက်ရှိပါသည်။ ၉-၆-၂၀၂၃ ရက်နေ့ ထုတ် သတင်းလွှာတွင် အောက်ဖော်ပြပါ အချက်များ အဓိကပါဝင်ပါသည်-

- နည်းပညာများ တစ်နေ့တစ်ခြား တိုးတက်လာသည်နှင့်အမျှ ယခုအခါ စက်များသည် ကဗျာ စပ်ခြင်း၊ သီချင်းရေးခြင်းများကို ဆောင်ရွက်နိုင်လာပြီး မိတ်ဆွေသူငယ်ချင်းများ၊ လုပ်ဖော် ကိုင်ဖက်များကဲ့သို့ ဆက်ဆံရေးများကို ဖန်တီးနိုင်လာကြပါကြောင်း။

- Artificial Intelligence - AI သည် ယခု သတင်းလွှာကိုပင် ရေးသားနိုင်ပါကြောင်း၊ သို့သော် ယခုအချိန်တွင် ၎င်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှု၏ နောက်ကွယ်ရှိ ပုဂ္ဂိုလ်များကဲ့သို့ပင် ဖြစ်လာပါကြောင်း။

- ဉာဏ်ရည်တုနည်းပညာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် “AI ဆော့ဖ် ဝဲလ်ဖန်တီးသူများ၏ ဖန်တီးမှုများသည် အဘယ်ကြောင့် အန္တရာယ်သတိပေးချက်များ အဖြစ် ထွက်ပေါ်လာသည်” ကို သတိပြုသင့်ပါကြောင်း။

- မကြာသေးမီကာလက OpenAI ၏ အမှုဆောင်အရာရှိချုပ်၊ ChatGPT ဖန်တီးသူများ၊ Sam Alman နှင့် AI ၏ ခေါင်းဆောင်ကြီး Geoffrey Hinton တို့အပါအဝင် ထိပ်တန်း AI ကျွမ်းကျင်သူများသည် နည်းပညာတိုးတက်မှု၏ အန္တရာယ် ဖြစ်စေနိုင်သော သက်ရောက်မှု များနှင့်စပ်လျဉ်း၍ ၎င်းတို့၏ စိုးရိမ်ပူပန်မှုကိုဖော်ပြသည့် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန် ကြေညာခဲ့ပါကြောင်း၊ အဆိုပါကြေညာချက်တွင် ၎င်းတို့သည် “AI ကြောင့် မျိုးသုဉ်းမည့် အန္တရာယ်”သည် ကပ်ရောဂါနှင့် နျူကလီးယား စစ်ပွဲကဲ့သို့သော ကမ္ဘာ့ခြိမ်းခြောက်မှု အဖြစ် အသိအမှတ်ပြုရန် ကမ္ဘာ့ခေါင်းဆောင်များအား တောင်းဆိုထားပါကြောင်း။

- နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များက ယခုကဲ့သို့ သတိပေးချက်ထုတ်ပြန်ခြင်း သည် ပထမဆုံးအကြိမ် မဟုတ်ပါကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က လူ အများအပြားသည် လူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်အပေါ် ကျရောက်နိုင်သည့် အန္တရာယ်များကို ကိုးကား၍ AI စမ်းသပ်မှုများကို ခေတ္တရပ်ရန် တောင်းဆိုခဲ့ကြပါကြောင်း၊ AI Safety Center သည် လက်နက်ပစ်လွှတ်နိုင်ခြေများ၊ သတင်းမှားများပျံ့နှံ့မှု၊ အင်အား မညီမျှမှုများ တိုးပွားလာခြင်းနှင့် နည်းပညာအပေါ် လူသားတို့အပေါ် မှီခိုနေရခြင်း အပါ အဝင် AI ၏ တိုးတက်လာမှုနှင့်ပတ်သက်သည့် အဓိကစိုးရိမ်ပူပန်မှုများကို မှတ်သားထားပါ ကြောင်း၊ Pixar ၏ အထင်ကရ ရုပ်ရှင် WALL-E တွင် ဖော်ပြထားသော သတိထားစရာ အကြောင်းအရာများနှင့် ဆင်တူပါကြောင်း။

- အချိန်ကာလရှည်ကြာစွာ မစမ်းသပ်ရသေးသည့် အဓိကပြဿနာမှာ AI နှင့် အဂတိ လိုက်စားမှု အကြား ဆက်စပ်မှုဖြစ်ပါကြောင်း။

- အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် AI ၏ အလားအလာရှိသော ပံ့ပိုးကူညီမှုအား အချက် အလက်များက ထောက်ပြထားသော်လည်း ၎င်း၏ လိမ်လည်မှုကို ထောက်လှမ်းနိုင်မှုနှင့် အဂတိလိုက်စားနိုင်ခြေအန္တရာယ်များကို ကြိုတင်ခန့်မှန်းနိုင်မှုအား ကိုးကားကာ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ အပျက်သဘောဆောင်သည့် အကျိုးဆက်များလည်း ရှိနိုင်ပါကြောင်း။

- လူသားတို့၏ ဘက်လိုက်မှုတည်မြဲစေမည့် AI ပြဿနာကို လေ့လာမှုအများအပြားတွင် ကြိုတင်ခန့်မှန်းနိုင်သော ရဲရဲတင်းကျပ်သည့် algorithms များနှင့် သမားရိုးကျ ပုံစံများကို အားကိုးသည့် ChatGPT ၏ ဖြစ်ရပ်များတွင် ကျား/မခွဲခြားမှုကို ညွှန်ပြသည့် လေ့လာမှု များစွာဖြင့် ကောင်းစွာမှတ်တမ်းတင်ထားပြီး ဖြစ်ပါကြောင်း။

- AI ကို ပုဂ္ဂလိကအကျိုးအမြတ်အတွက် အာဏာကိုင်ဆောင်ထားသူများက တမင်တကာ အလွဲသုံးစားလုပ်ပါက ၎င်းကို ဒီဇိုင်းဆွဲပုံ၊ ခြယ်လှယ်ပုံနှင့် အသုံးချပုံပေါ်မူတည်၍ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုဘဝအပေါ် ပြင်းထန်သော သက်ရောက်မှုများ ရှိလာနိုင် ပါကြောင်း၊ ဥပမာအားဖြင့် နိုင်ငံရေးနယ်ပယ်တွင် AI သည် ရွေးကောက်ပွဲများကို လွှမ်းမိုးရန်သာမက ကိုယ်စားလှယ်လောင်းများ အထူးသဖြင့် အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန်အတွက်ပင် AI သည် အလွန်လက်တွေ့ကျသည့် အတုအယောင်များကို အသုံးပြုနိုင်ပါကြောင်း။ 

- AI သည် ခေတ်ရှေ့ပြေးနည်းပညာတစ်ခုဖြစ်သောကြောင့် မူဝါဒချမှတ်သူများသည် မှန်ကန်သော စည်းမျဉ်းများနှင့် စနစ်များကို မည်သို့သတ်မှတ်ရမည်ကို ကိုင်တွယ်ဖြေရှင်း နေရဆဲ ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းတွင် နည်းပညာကို အခြေခံသည့် AI စနစ်များ သည် ပွင့်လင်းမြင်သာမှုနှင့် လူသားတို့ပင် နားမလည်နိုင်သော နည်းလမ်းများဖြင့် လည်ပတ်နေ သောကြောင့် ၎င်းတို့ကို စာရင်းပြုစုရန် ခက်ခဲစေပါကြောင်း။

- ဤသည်မှာ အဂတိလိုက်စားသော လုပ်ရပ်များ ဆက်လက်တည်မြဲရန် လှုံဆော်နေသော အခြေအနေသာဖြစ်ပြီး အင်အားကောင်းသည့် ပုဂ္ဂိုလ်များအတွက် ပြီးပြည့်စုံသော ဇာတ်လမ်း ဖြစ်ပါကြောင်း၊ မကောင်းမှုလုပ်ဆောင်သူများသည် AI ၏ အားနည်းချက်များကို အသုံးချ၍ အဂတိလိုက်စားမှုများကို ကျူးလွန်နိုင်ပါကြောင်း၊ အချို့သောရလဒ်များကို အခြားသူများထက် သာလွန်စေရန် AI အချက်အလက်များကို အသုံးချနိုင်ပါကြောင်း၊ AI algorithms ၏ ပုံစံများ သို့မဟုတ် တည်ဆောက်ပုံများကို အများအကျိုးထက် ပုဂ္ဂလိက အကျိုးစီးပွားအခွင့်ထူးခံအဖြစ် ပြောင်းလဲ ပြင်ဆင်နိုင်ပါကြောင်း။

- လျှို့ဝှက်ချက်များနှင့် အချက်အလက်ကာကွယ်မှုများကြောင့် အင်အားကောင်းသူများသည် ၎င်းတို့၏ အကျိုးစီးပွားအတွက် AI စနစ်များ၏ ရလဒ်များကို လွယ်ကူစွာ အသုံးချနိုင်ပါ ကြောင်း၊ ဤနည်းပညာသည် အရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်နေသဖြင့် လူသားများ ၏ တာဝန်ယူ၊တာဝန်ခံမှု လျော့နည်းလာပြီး စက်များ သို့မဟုတ် algorithms များပေါ်တွင် အပြစ်ပုံချနိုင်ရေး ဦးတည်လာပါကြောင်း၊ AI သည် လူသားများ အမှန်တကယ် ကြုံတွေ့နေ ရသည့် အခက်အခဲများကို ဖြေရှင်းရန် ကျင့်ဝတ်ဆိုင်ရာ ကွက်လပ်များကို ဖန်တီးနိုင်ပြီး ရာဇ၀တ်မှုကျူးလွန်ရန် ပိုမိုလွယ်ကူစေပါကြောင်း။

- မိမိတို့သည် ယခုအခြေအနေမှ မည်သို့ရှေ့ဆက်ကြမည်နည်း။ မိမိတို့၏စာတမ်းတွင် မီးမောင်းထိုးပြထားသည့်အတိုင်း စတင်ဆောင်ရွက်ရမည့် အချက်မှာ AI ကုဒ်များနှင့် နည်းပညာများကို တီထွင်နေသူများအတွက် ပရော်ဖက်ရှင်နယ် ကျင့်ထုံးများ ဖန်တီးခြင်း နှင့် ကျင့်ဝတ်ဆိုင်ရာ လေ့ကျင့်မှုများ ပေါင်းစပ်ခြင်း နှင့် အလွဲသုံးစားလုပ်ခြင်းကို တားဆီးရန် လုံလောက်သော AI စည်းမျဉ်းများကို ချမှတ်ရန် ဖြစ်ပါကြောင်း။

- ပြီးခဲ့သည့် သီတင်းပတ်က G7 တာဝန်ရှိသူများသည် ဤနည်းပညာအသစ်ကို မည်သို့ ထိန်းချုပ်သင့်သည်ကို ဆွေးနွေးရန် ပထမဆုံး AI လုပ်ငန်းအဖွဲ့နှင့် တွေ့ဆုံခဲ့ပါကြောင်း၊ ၎င်းမှာ လမ်းကြောင်းမှန်ပေါ်သို့ လျှောက်လှမ်းမည့် ခြေလှမ်းတစ်ခုပါကြောင်း၊ သို့သော် မိမိတို့တွင် တိကျသေချာသော လုပ်ဆောင်မှုအချို့ကို မရရှိမချင်း “AI သည် ကျွန်ုပ်တို့၏ မိတ်ဆွေ သို့မဟုတ် ရန်သူလား” ကို  မေးမြန်းရန် ရှိနေဆဲ ဖြစ်ပါကြောင်း၊ Chat GPT ကို မေးနိုင်ပါကြောင်း။

မှတ်ချက်။ ၉-၆-၂၀၂၃ ရက်နေ့ထုတ် သတင်းလွှာမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

ဆက်စပ် သတင်းများ