FIFA ဒုတိယဥက္ကဋ္ဌဖြစ်သူ Temarii သည် ၂၀၂၂ ကမ္ဘာ့ဖလားမဲကိစ္စနှင့်ပတ်သက်၍ စွဲချက်တင်ခံရခြင်း

  • Mon, 29 May 2023

တဟီတီနိုင်ငံသားဖြစ်သူ FIFA ၏ ဒုတိယဥက္ကဋ္ဌဟောင်း ရီနယ်လ်တီမာရီအား ပြင်သစ် အစိုးရရှေ့နေများက ကာတာနိုင်ငံ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပခွင့်ရရှိရေး လာဘ်ပေး လာဘ်ယူ ပြုလုပ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ အဂတိလိုက်စားမှုဖြင့် စွဲချက်တင်ခံထားရသည်။

နှစ်ပေါင်းများစွာ စုံစမ်းစစ်ဆေးမှုမှ ပထမဆုံးထွက်ပေါ်လာသည့် ကြီးမားသော အဂတိ လိုက်စားမှုစွဲချက်အား ပြင်သစ်၏ ဘဏ္ဍာရေးရာဇ၀တ်မှုဆိုင်ရာရှေ့နေများ (PNF) မှ အတည်ပြု ခဲ့သည်။ တီမာရီသည် Oceania Football Confederation (OFC) ၏ ဥက္ကဋ္ဌဟောင်း တစ်ဦးလည်း ဖြစ်သည်။ သို့သော် ပြီးခဲ့သည့်နှစ်ကျင်းပသည့် ကာတာဘောလုံးပြိုင်ပွဲ ဆုပေးပွဲမတိုင်မီ လျှို့ဝှက် သတင်းစာတစ်စောင်တွင် မဲအရောင်းအဝယ် ပြုလုပ်သည့် အရှုပ်တော်ပုံ၌ ပါဝင်ပတ်သက်ခဲ့သည့် အတွက် ၎င်းအား ၂၀၁၀ ခုနှစ်တွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

    တီမာရီအား ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် တစ်နှစ်ပိတ်ပင်ခဲ့ပြီး ဇူးရစ်ရှိ FIFA ရုံးချုပ်တွင် ဒီဇင်ဘာ ၂ ရက် မဲခွဲဆုံးဖြတ်မှုမှ ပယ်ချခံခဲ့ရသည်။ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် ခြောက်ခုအနက်မှ တစ်ခုဖြစ်သည့် OFC သည် ကာတာနိုင်ငံ၏ ၂၀၂၂ ခုနှစ်တွင် ၎င်းတို့၏ ပထမမဲ များကို သြစတြေးလျအတွက် သတ်မှတ်ခဲ့ကာ လိုအပ်ပါက အမေရိကန်ကို ရွေးချယ်ရန် လျာထား ခဲ့ပါသည်။

    သို့သော် တီမာရီသည် ၎င်းအပေါ်ပိတ်ပင်ခြင်းကို အစပိုင်းတွင် လက်ခံခဲ့ပြီး နိုဝင်ဘာ ၃၀ ရက် ညတွင် အယူခံဝင်ခဲ့သည်။ FIFA စည်းမျဉ်းအရ ၎င်း၏ အယူခံဝင်မှုကို ဒီဇင်ဘာ ၂ ရက်တွင် OFC ကို မဲခွဲဆုံးဖြတ်စေခဲ့ပြီး နောက်ဆုံးတွင် ကာတာသည် အမေရိကန်ကို ၁၄ မဲ ၈ မဲဖြင့် ကျော်လွန်အနိုင်ရခဲ့သည်။

ဆက်စပ် သတင်းများ