Pakistan a Political Drama (TI Newsletter)

  • Fri, 12 May 2023

Pakistan a Political Drama (TI Newsletter)


     အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International- TI) သည် နိုင်ငံပေါင်း ၁၈၀ ၏ နှစ်အလိုက် အဂတိလိုက်စားမှု အညွှန်းကိန်း (CPI) များကို ထုတ်ပြန်ပေးသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ယခုပေးပို့လာသောသတင်းလွှာတွင် အောက်ဖော်ပြပါ အချက်များ အဓိက ပါဝင်ပါသည်-

  • ပါကစ္စတန်နိုင်ငံ၏ ၀န်ကြီးချုပ်ဟောင်း Imran Khan အား အဂတိလိုက်စားမှုဖြင့် ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီးခဲ့ပါကြောင်း၊ အဂတိလိုက်စားမှု ၊ အကြမ်းဖက်မှုနှင့် တရားရုံးကို မထီမဲ့မြင်ပြုမှုတို့ အပါအဝင် အမှုပေါင်း ၁၀၀ ကျော် ဖြင့် တရားစွဲဆိုခြင်းခံ ထားရသည့်အတွက် Khan သည် ဖမ်းဆီးခြင်းကို ရှောင်လွှဲ၍ရမည် မဟုတ်ပါကြောင်း။
  • Khan ဖမ်းဆီးခံရမှုသည် နိုင်ငံကို တုန်လှုပ်သွားစေပြီး နိုင်ငံတစ်ဝန်း ဆူပူအုံကြွမှုများ ဖြစ်ပွားကာ လူရှစ်ဦးသေဆုံး၍ တစ်ထောင်ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါကြောင်း၊ Khan ဖမ်းဆီးခံရခြင်းအတွက် ၎င်း၏ “state abduction” ပါတီဝင်များ ၏ တရားရုံး၌ ဆူပူအုံကြွမှုများ ပြုလုပ်ခဲ့သောကြောင့် ရှေ့နေချုပ်သည် Khan ဖမ်းဆီးခံရခြင်းမှာ တရားမဝင်ဟု မှတ်ယူကာ နောက်နေ့တွင် ချက်ချင်းပြန်လွှတ်ပေးရန် အမိန့်ပေးခဲ့ပါကြောင်း။
  • နိုင်ငံရေးနယ်ပယ်ထဲသို့မ၀င်ရောက်ခင်က Khan သည် နာမည်ကြီးခရစ်ကတ်သမား တစ်ယောက်ဖြစ်ပါကြောင်း၊ ၎င်းသည် ၂၀၁၈ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရကာ အာဏာရလာချိန်တွင် ၎င်း၏ ကျော်ကြားမှုမှာ အထောက်အကူ ဖြစ်စေခဲ့ပါကြောင်း၊ ၎င်း၏ နိုင်ငံရေးခံယူချက်မှာ အဂတိ လိုက်စားမှုကိုတိုက်ဖျက်ရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် လူမှုဖူလုံရေးတို့ကို မြှင့်တင်ပေးမည်ဟု ကတိကဝတ်ပြုထားသောကြောင့် လူအများနှင့် လိုက်လျော ညီထွေဖြစ်ခဲ့ပါကြောင်း။
  • သို့သော်လည်း ၎င်း၏ လုပ်ဆောင်ချက်များသည် အနည်းငယ်သာ အောင်မြင်မှုရရှိခဲ့ပါကြောင်း၊ သို့သော်လည်း ဝန်ကြီးချုပ်ဟောင်း Nawaz Sharif နှင့် သမ္မတဟောင်း Asif Ali Zardari တို့အပါအဝင် Khan အစိုးရ လက်ထက်တွင် ထင်ရှားသော အဂတိလိုက်စားမှု အများအပြားကို စုံစမ်းစစ်ဆေးပြီး တရားစွဲ ဆိုထားပါကြောင်း။
  • ပြီးခဲ့သည့် ဧပြီလတွင် လျှို့ဝှက်မဲဖြင့် လက်ရှိဝန်ကြီးချုပ် Shehbaz Sharif ဦးဆောင်၍ ၎င်း၏ အရိုက်အရာဆက်ခံသူများကို ဖြုတ်ချခဲ့ပါကြောင်း၊ ထို့အပြင် ၎င်းသည် ၎င်း၏ရာထူး ရရှိနေစဉ်အတွင်း လက်ဆောင်များ ပြန်လည်ရောင်းချခြင်းမှ ရရှိသောအမြတ်ငွေများကို ချပြကြေညာခြင်း မရှိသည်ကို တွေ့ရှိခဲ့ပြီး နောက်ငါးနှစ်အကြာတွင် ရာထူးတိုးမြှင့်ရေးကို ပိတ်ပင်ခံခဲ့ရပါကြောင်း၊ နောက်ပိုင်းတွင် Khan အား ယင်းကိစ္စနှင့် စပ်လျဉ်း၍ တရားရုံးက စွဲချက်တင်ခဲ့ပါကြောင်း၊ Sharif ညီအစ်ကိုများနှင့်အတူ ယခင် နိုင်ငံရေးသမိုင်းကြောင်းအရ Khan ၏ဖမ်းဆီးခံရမှု တွင် ၎င်း၏ နောက်လိုက် အများအပြားကြောင့် နိုင်ငံရေးအရ လှုံ့ဆော်မှု ဖြစ်နိုင် သည်ဟု ယုံကြည်ကြပါကြောင်း။
  • သို့သော်လည်း Khan ကို အဂတိလိုက်စားမှုများစွာဖြင့် စွဲချက်တင်ခဲ့ပါကြောင်း၊ ပြီးခဲ့သော ဇွန်လတွင် Sharif အစိုးရသည် Khan နှင့် ၎င်း၏ဇနီး Bushra Bibi တို့သည် ပါကစ္စတန်နိုင်ငံရှိ အိမ်ခြံမြေ သူဌေးကြီးတစ်ဦးထံမှ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၇ သန်းတန်ဖိုးရှိ မြေကွက်များကို ရယူခဲ့သည်ကို အခိုင်အမာ ပြောကြားခဲ့ပါကြောင်း၊ ပညာရေးနှင့် သက်ဆိုင်သည့် အဆောက်အဦတစ်ခု ဆောက်လုပ်ရန်အတွက် မြေယာလွှဲပြောင်းမှုတွင် Khan နှင့် Bibi တို့၏ဦးဆောင်မှုအား ယုံကြည်၍ လာဘ်ထိုးခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲထားပါကြောင်း။
  • Khan သည် ပါကစ္စတန်နိုင်ငံတွင် ဖမ်းဆီးခံရသည့် သတ္တမမြောက် ၀န်ကြီးချုပ်ဖြစ်ပြီး ၎င်း၏ ပြဿနာများမှာ ပိုမိုရှုပ်ထွေးနေသည်ကို အတိအလင်း ဖော်ပြထားပါကြောင်း၊ ပါကစ္စတန်နိုင်ငံတွင် နိုင်ငံရေးအရ ထိန်းချုပ်မှုသည် အငြင်းပွားမှု ဖြစ်ပွားရခြင်း၏ အရင်းခံ အကြောင်းအရာတစ်ခုဖြစ်သော်လည်း ပုံမှန်ပေးချေရမည့် အကြွေးများ၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကဲ့သို့သော အရေးကြီးပြဿနာများအား ကိုင်တွယ်ဖြေရှင်းမှုများတွင် ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံသည် သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော စီးပွားရေး မတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရပြီး လက်ရှိ နိုင်ငံရေး ဆူပူမှုများသည် အဆိုပါ စီးပွားရေး မတည်ငြိမ်မှုများကို ပိုမိုဆိုးရွားစေပါကြောင်း။


  • ထိုကဲ့သို့အာဏာရရှိရေး ကြိုးပမ်းခြင်းကြောင့် မည်သည့်အရာများ ဆက်ဖြစ်လာမည်ကို စောင့်ကြည့်နေရပါကြောင်း၊ သို့သော်လည်း ပါကစ္စတန်နိုင်ငံအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ကြိုးပမ်းမှုများကို ရပ်တန့်မသွားစေရန်နှင့် နိုင်ငံရေးအရှုပ်တော်ပုံများအား ခွင့်မပြုမိစေရန် လက်ရှိအစိုးရအတွက် အရေးတစ်ကြီး လိုအပ်နေပါကြောင်း ဖော်ပြပါရှိပါသည်။
  • ကိုးကား- အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့- TI ၏ ၁၂-၅-၂၀၂၃ ရက်စွဲပါ    သတင်းလွှာမှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။

ဆက်စပ် သတင်းများ