အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိပညာပေးဇာတ်လမ်းတွဲများ MRTV ရုပ်သံလိုင်းမှထုတ်လွှင့်မည်

  • Tue, 29 January 2019

၂၀၁၉ ခုနှစ်၊  ဇန်နဝါရီလ     ၂၉    ရက်

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် Independent Commission Against Corruption-ICAC ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ ပူးပေါင်းစီစဉ်တင်ဆက်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေးဇာတ်လမ်းတွဲများဖြစ်သည့် "အမှန်တရားဘက်တော်သား၊ ICAC အဖွဲ့သားများ" ICAC Investigators 2016  အပိုင်း(၁)ကိုလာမည့် ဖေဖော်ဝါရီ  ၂ ရက်  ည ၉ နာရီ၌ လည်းကောင်း၊ အပိုင်း(၂)ကို ဖေဖော်ဝါရီ   ၉ ရက်  ည ၉ နာရီ၌လည်းကောင်း၊ အပိုင်း(၃)ကို ဖေဖော်ဝါရီ   ၁၆ ရက်  ည ၉ နာရီ၌လည်းကောင်း၊ အပိုင်း(၄)ကို ဖေဖော်ဝါရီ  ၂၃ ရက် ည ၉ နာရီ၌ လည်းကောင်း MRTV ရုပ်သံလိုင်းမှ ထုတ်လွှင့်မည်ဖြစ်ပါသည်။

အဆိုပါ ဇာတ်လမ်းတွဲများတွင် ဟောင်ကောင်မှ နာမည်ကျော် သရုပ်ဆောင်များ  ဖြစ်ကြသော Kelly Fu, Ruco Chan, Kenneth Ma, Daniel Chau နှင့် Chris Lai တို့မှ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါသည်။ 

ဆက်စပ် သတင်းများ