အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး “Experience Sharing Workshop on Community Education and Youth Engagement အလုပ်ရုံဆွေးနွေးပွဲ” နှင့်စပ်လျဉ်း၍ အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

  • Fri, 26 January 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး “Experience Sharing Workshop on Community Education and Youth Engagement အလုပ်ရုံဆွေးနွေးပွဲ” နှင့်စပ်လျဉ်း၍ အတွေ့အကြုံရှင်းလင်းပွဲကျင်းပ


နေပြည်တော်၊ ဇန်နဝါရီ ၂၆ ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ အရာထမ်းများသည် မလေးရှားနိုင်ငံ၊ ပူထရာဂျာရာမြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့သည့် Experience Sharing Workshop on Community Education and Youth Engagement အလုပ်ရုံဆွေးနွေးပွဲသို့ Online ဖြင့် တက်ရောက်ခဲ့ရာ ၎င်းဆွေးနွေးပွဲမှရရှိသည့် အတွေ့အကြုံရှင်းလင်းပွဲကို နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။ အတွေ့အကြုံရှင်းလင်းပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

    အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အမှာစကားပြောကြားရာ၌ မလေးရှား၊ ဟောင်ကောင်၊ ဘရူနိုင်း၊ ဘူတန်၊ စင်ကာပူနိုင်ငံတို့၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် လူ့အဖွဲ့အစည်းကို အသိပညာပေးခြင်းနှင့် လူငယ်များနှင့်ချိတ်ဆက်ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်း၍ အဓိကထားဆွေးနွေးပြောကြားထားခြင်းဖြစ်ကြောင်း၊ ၎င်းနိုင်ငံများ၏ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ လေ့လာရန်များစွာရှိကြောင်း၊ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် ကောင်းမွန်သည့် နိုင်ငံတကာစံချိန်၊ စံညွှန်းများကို လေ့လာ၍ အားသာချက်၊ အားနည်းချက်များအပေါ် အကဲဖြတ်သုံးသပ်ကာ ဆောင်ရွက်ရန်လိုကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်သည် လူတို့၏အကျင့်စာရိတ္တမြင့်မားလာစေရန် ပြုပြင်ပေးရသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ကဏ္ဍအသီးသီးရှိ လူများကို ကိုယ်ကျင့်တရားကောင်းမွန်၍ ကျင့်ဝတ်လိုက်နာရေး ဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာနိုင်ငံသည် ဘာသာရေး အဆုံးအမများ ဖြစ်သည့် ကျင့်ဝတ်များကို အခြေခံသည့်အတွက် လူငယ်များကို ငယ်စဉ်ကပင် စာရိတ္တမဏ္ဍိုင် ခိုင်မာမြင့်မားစေရေး ပျိုးထောင်ရန်လိုအပ်သည့်အတွက် ကော်မရှင်အနေဖြင့် အခြေခံပညာကျောင်းများတွင် Edutainment နှင့် လူငယ်စကားဝိုင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အသိပညာပေးလုပ်ငန်းများ ထိရောက်စွာတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်၏အဓိကမဏ္ဍိုင်များဖြစ်သည့် အသိ ပညာပေးရေး၊ တားဆီးကာကွယ်ရေး၊ စုံစမ်းစစ်ဆေးရေး မဏ္ဍိုင် (၃) ခုအနေဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲမှ သိရှိရသည့် သတင်းအချက်အလက်များကိုလေ့လာ၍ ကော်မရှင်မှ ဆောင်ရွက်လျက်ရှိသည့် အသိပညာပေးရေးလုပ်ငန်းများကိုမြှင့်တင်ခြင်း၊ ပုံစံအသစ်များဖြင့် တိုးချဲ့ခြင်းတို့ ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် Experience Sharing Workshop on Community Education and Youth Engagement အလုပ်ရုံဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်များအပေါ် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နိုင်က ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ဝန်ထမ်းများ၏ မေးမြန်းချက်များကို အပြန်အလှန် ဖြေကြားခဲ့ပါသည်။ ၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။


အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဖွင့်အမှာစကားပြောကြားခြင်း


အသိပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်စုမြတ်နိုင် က Experience Sharing Workshop on Community Education and Youth Engagement တွင် ဆွေးနွေးခဲ့သည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း


အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း



နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထိန်လင်း က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခြင်း



ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခြင်း


ဆက်စပ် သတင်းများ