အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်သည် ကော်မရှင်ရုံးခွဲ(ရန်ကုန်)ရှိ ဝန်ထမ်းအိမ်ရာနှင့် ကော်မရှင်ရုံးခွဲအား ကြည့်ရှုစစ်ဆေး

  • Thu, 16 February 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်သည် ကော်မရှင်ရုံးခွဲ(ရန်ကုန်)ရှိ ဝန်ထမ်းအိမ်ရာနှင့် ကော်မရှင်ရုံးခွဲအား ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆ ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်သည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကော်မရှင်ရုံးခွဲ(ရန်ကုန်)ရှိ ဝန်ထမ်းအိမ်ရာနှင့် ကော်မရှင်ရုံးခွဲအား ကြည့်ရှုစစ်ဆေးပြီး ကော်မရှင်ရုံးခွဲ(ရန်ကုန်)အစည်းအဝေးခန်းမ၌ ကော်မရှင်အဖွဲ့ဝင်နှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် ကော်မရှင်မှ ထုတ်ပြန်ထားသော ကျင့်ဝတ် (CODE OF CONDUCT)ကို လိုက်နာစောင့်ထိန်းရန်လိုအပ်ကြောင်း၊ ကျင့်ဝတ်မလိုက်နာမှု၊ စည်းကမ်းဖောက်ဖျက်မှုများကြောင့် လူမှုပတ်ဝန်းကျင်အား ဆိုးကျိုးများဖြစ်ပေါ်စေပါကြောင်း၊ တစ်နိုင်ငံလုံးရှိအများ ပြည်သူများအကြားတွင် အဂတိလိုက်စားမှု ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ဝန်ကြီးဌာန ၃၈ ခု၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခု တို့တွင် CPU အဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ အခြေခံပညာမူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်ထိ ကျောင်းသား/ သူများအတွက် အဂတိလိုက်စားမှု အသိပညာပေးခြင်းဆိုင်ရာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များကို ပြုစုထားရှိပြီးဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ထားရှိမှုများအား ထိရောက်မှု ရှိ/မရှိ သုံးသပ်ရန်နှင့် အမှန်တကယ် မြေပြင်အခြေအနေနှင့် လျော်ညီအောင် လိုအပ်သည်များကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိအလုပ်ကို တန်ဖိုးထား၍ ကြိုးစားလုပ်ဆောင်ရန် ဝန်ထမ်းအချင်းချင်း ဆွေမျိုးသားချင်းများကဲ့သို့ စည်းလုံးညီညွတ်စွာနေထိုင်သွားကြရန်လိုကြောင်း မှာကြားပါသည်။

ဆက်စပ် သတင်းများ