အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး(၉) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ

  • Fri, 10 March 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး(၉) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ


နေပြည်တော်၊ မတ် ၁၀

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး (၉) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၀၉:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 



    အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာ၌ ကော်မရှင်၏ (၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများအား ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့် လူမှုရေးကိစ္စ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ရည်ရွယ်ချက်တစ်ခုဖြစ်သည့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ပေါ်ရေးအတွက်သည် ကော်မရှင်၏ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ကော်မရှင်၏ ကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ဆောင်ရွက်ချက်များအပေါ် အမြဲမပြတ် ကြည့်ရှုထိန်းကျောင်းတည့်မတ်ပေးရန် လိုအပ်ပါကြောင်း၊ 

    ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ရာတွင် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ် (၃) ရပ်နှင့် တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိရာ အဂတိလိုက်စားမှုမဖြစ်ပေါ်မီကပင် အသိပညာပေးရေးနှင့် ကြိုတင်တားဆီးကာကွယ်ရေးတို့သည် အထူးဂရုပြု ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် နည်းလမ်းများစွာဖြင့် အသိပညာပေးဆောင်ရွက်သင့်ပါကြောင်း၊ အဓိကပြောကြားလိုသည်မှာ နောင်မျိုးဆက်သစ် ကျောင်းသားအရွယ်လူငယ်များကို ငယ်စဉ်ကတည်းကပင် ဗုဒ္ဓဘာသာဝင်တို့၏ အစဉ်အလာအတိုင်း ငါးပါးသီလ မြဲမြံအောင်နှင့် ပြည်သူ့နီတိဆိုင်ရာကျင့်ဝတ်များကို သက်ဆိုင်ရာဌာနများ၏ ကူညီပံ့ပိုးမှုဖြင့် ထိရောက်ကျယ်ပြန့်စွာဖြင့် ကြိုးစားဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းမှာပင် အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကနှင့် ပြည်သူလူထုများအကြား အဂတိလိုက်စားမှု ပပျောက်ရေးလုပ်ငန်းစဉ်များကို ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေးဆောင်ရွက်သွားရန် အထူးလိုအပ်ပါကြောင်း တိုက်တွန်းပြောကြားပါသည်။


   


    

     ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ ဆရာနှင့် တပည့် ၊ မိဘနှင့် သားသမီး ထောက်ပံ့ငွေများမှ ကံစမ်းမဲဆုကြီးများ မဲဖောက်ချီးမြှင့်ပေးခြင်း ၊ ဝန်ထမ်းတစ်ဦးချင်း အတွက် Track Suit အင်္ကျီများ လက်ဆောင်ပေးခြင်း၊ အဆို၊ အကများဖြင့် ဖျော်ဖြေခြင်းနှင့် နေ့လယ်စာ ကျွေးမွေးခြင်းများဖြင့် အောင်မြင်စွာ ကျင်းပပခဲ့ပါသည်။










ဆက်စပ် သတင်းများ