၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနား

  • Sat, 4 December 2021

၃၁-၁၀-၂၀၀၃ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံဆုံးဖြတ်ချက် ၅၈/၄ ဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းက ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အဆိုပါကွန်ဗင်းရှင်းကို တရားဝင်အတည်ပြုဝင်ရောက်ခဲ့ပြီး ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါသည်။ အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို အခြား ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံများနည်းတူမိမိနိုင်ငံတွင်လည်းနှစ်စဉ်ကျင်းပပါသည်။ (၁၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ် (၅၆) အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမတွင်    ၉-၁၂-၂၀၂၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ၌ Virtual စနစ်ဖြင့် ကျင်းပမည် ဖြစ်ပါသည်။

              အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၏ အကြီးအကဲများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်ဥက္ကဋ္ဌတို့သည် Virtual စနစ်ဖြင့် တက်ရောက်ကြမည် ဖြစ်ကြောင်းသတင်း ရရှိပါသည်။

ဆက်စပ် သတင်းများ