၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

  • Mon, 9 December 2019

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာလ ၉



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် နေပြည်တော်ကောင်စီ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC တို့နှင့် ပူးပေါင်း၍ ဒီဇင်ဘာ ၉ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ယနေ့ နံနက်(၀၉:၀၀)နာရီ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားသည်။

 အခမ်းအနားတွင် နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည့် အဖွင့်မိန့်ခွန်းအပြည့်အစုံအား ပူးတွဲတင်ပြအပ်ပါသည်။

=>Download 1

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက် အပြည့်အစုံအား ပူးတွဲတင်ပြအပ်ပါသည်။

=>Donwload 2

ထို့နောက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (United Nations Office on Drug and Crimes-UNODC)၏ အမှုဆောင်ဒါရိုက်တာ Mr.Yury Fedotov က ပေးပို့သည့် သဝဏ်လွှာကို မြန်မာနိုင်ငံမှ FAO ဌာနေကိုယ်စားလှယ် Ms.Xiaojice Fan က ဖတ်ကြားပါသည်။ သဝဏ်လွှာတွင်  အဂတိလိုက်စားခြင်းသည် လူသားတိုင်း၏ နေ့စဉ်ဘဝကို အကျိုးသက်ရောက်မှု ရှိနေကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် များကို  အချိန်နှင့်တစ်ပြေးညီရရှိရန် အားကြိုးမာန်တက် လုပ်ဆောင်နေသော ဆယ်စုနှစ်တစ်ခုကို ဝင်ရောက်လာရာတွင် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်အား ဖော်ဆောင်လိုပါက အဂတိလိုက်စားမှု ပပျောက်စေရန် ကြိုးပမ်းအားထုတ်မှုသည် အရေးပါကြောင်း ဖော်ပြပါရှိပါသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသော လွှတ်တော်ဒုတိယ ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ တေးသရုပ်ဖော်နှင့် ကဗျာသရုပ်ဖော် ဆုရရှိသူများနှင့် မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ဆက်စပ် သတင်းများ