အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ အဂတိလိုက်စားမှု ရှာဖွေတိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ မဟာမိတ်အဖွဲ့၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးတက်ရောက်

  • Fri, 26 October 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ အဂတိလိုက်စားမှု ရှာဖွေတိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ မဟာမိတ်အဖွဲ့၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးတက်ရောက်


        ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့သို့ ရောက်ရှိနေသော မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့သည် ကိုပင်ဟေဂင်မြို့ Eigtveds Pakhus Building တွင် ဒိန်းမတ် အစိုးရ၊ ကမ္ဘာ့ဘဏ် နှင့် အဂတိလိုက်စားမှုရှာဖွေတိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ မဟာမိတ်အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် အဂတိလိုက်စားမှုရှာဖွေတိုက်ဖျက်ရေး အပြည်ပြည် ဆိုင်ရာ မဟာမိတ်အဖွဲ့ (International Corruption Hunters Alliance)၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးသို့ ၂၅-၁၀-၂၀၁၈ ရက်နေ့မှ ၂၆-၁၀-၂၀၁၈ ရက်နေ့ထိ တက်ရောက်ခဲ့သည်။

      အဆိုပါအစည်းအဝေးကို အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် မဟာမိတ်အဖွဲ့များဖွဲ့စည်းကာ ပူးပေါင်းဆောင်ရွက်သွားရေး အသိပေး နှိုးဆော်သည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်နေသူ ၂၀၀ ဦးခန့် တက်ရောက်ခဲ့သည်။

          ကော်မရှင်ဥက္ကဋ္ဌသည် အစည်းအဝေး တက်ရောက်စဉ်ကာလအတွင်း ဒိန်းမတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှ၊ လက်တင်အမေရိကနှင့် အိုးရှန်းနီးယားဌာနဆိုင်ရာ အကြီးအကဲ သံအမတ်ကြီး Mr. Erik Laursen နှင့် ၂၅-၁၀-၂၀၁၈ ရက်နေ့က တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဆက်စပ် သတင်းများ