(၁၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးညီလာခံနှင့် အဂတိလိုက်စားမှု ရှာဖွေတိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ မဟာမိတ်အဖွဲ့၏ စတုတ္တအကြိမ်မြောက် အစည်းအဝေး

  • Mon, 22 October 2018

 (၁၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးညီလာခံနှင့် အဂတိလိုက်စားမှု ရှာဖွေတိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ မဟာမိတ်အဖွဲ့၏ စတုတ္တအကြိမ်မြောက် အစည်းအဝေး

ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၄ ရက် နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် (၁၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ညီလာခံ နှင့် အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၆ ရက် နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် အဂတိလိုက်စားမှု ရှာဖွေတိုက် ဖျက်ရေး အပြည်ပြည်ဆိုင်ရာ မဟာမိတ်အဖွဲ့၏ စတုတ္တအကြိမ်မြောက်အစည်းအဝေးသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် ကော်မရှင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမိုးနိုင်တို့ တက်ရောက်ခဲ့ပါသည်။

(၁၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ညီလာခံ သို့ နိုင်ငံ ၁၄၄ နိုင်ငံမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းနှင့် ဆက်နွယ်ပတ်သက်သော  အစိုးရအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ မီဒီယာများ၊ ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၈၀၀ ကျော် တက်ရောက်ခဲ့ပါသည်။

အဂတိလိုက်စားမှု ရှာဖွေတိုက်ဖျက်ရေးအပြည်ပြည်ဆိုင်ရာမဟာမိတ်အဖွဲ့၏စတုတ္တအကြိမ်မြောက် အစည်းအဝေးသို့ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကမ္ဘာ့ဘဏ်နှင့် အဂတိလိုက်စားမှုရှာဖွေတိုက်ဖျက် ရေး အပြည်ပြည်ဆိုင်ရာ မဟာမိတ်အဖွဲ့တို့ အပါအဝင် နိုင်ငံတကာမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်နေသူ ၂၀၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါ ညီလာခံနှင့် အစည်းအဝေးများသို့ တက်ရောက်ခဲ့ခြင်းအားဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီး၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ သဘောထားအယူအဆများနှင့် လုပ်ထုံး လုပ်နည်းများကို လေ့လာမှတ်သားနိုင်ပြီး မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွင် ဆီလျော်သည့် အချက်အလက်များကို ပြန်လည်အသုံးချနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ညီလာခံနှင့် အစည်းအဝေးတက်ရောက်နေစဉ် ကာလအတွင်း အခြားအဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်း များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အညွှန်းကိန်းထုတ်ပြန်သည့် အပြည်ပြည်ဆိုင်ရာ ပွင့်လင်း မြင်သာမှုအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သဘောထားအယူအဆများ ဖလှယ်နိုင်ခြင်း၊ မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးရေးမိတ်ဖက်များဖြစ်သည့် ကမ္ဘာ့ဘဏ်နှင့် ဒိန်းမတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုများကို အသိပေး နိုင်ခြင်းကြောင့် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွင် အပြည်ပြည်ဆိုင်ရာမှ ကူညီထောက်ပံ့မှုများ ယခင်ကထက် ပိုမိုရရှိလာနိုင်မည် ဟု ယူဆရပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာ အညွှန်းကိန်း (Corruption Perception Index- CPI) လည်း ယခင်နှစ်များကထက် ပိုမို မြင့်တက်လာနိုင်မည် ဖြစ်ပါသည်။

ဆက်စပ် သတင်းများ