အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး Mr. Steve Marshall နှင့် Chief Ombudsman, Mr. Peter Boshier ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း

  • Thu, 27 June 2019

နေပြည်တော်၊ ဇွန်လ (၂၇) ရက်

-----------------------------

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး Mr. Steve Marshall နှင့် နယူးဇီလန်နိုင်ငံမှ Chief Ombudsman, Mr. Peter Boshier တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၀၉:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

တွေ့ဆုံစဉ် နယူးဇီလန်နိုင်ငံ၊ Ombudsman Office နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့အကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပါသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင် အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ ကော်မရှင်ရုံး စီမံရေးရာဦးစီးဌာနနှင့် တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပါသည်။

ဆက်စပ် သတင်းများ