အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ UNODC ရုံးမှ Country Manager ဖြစ်သူ Mr. Troels Vester အား လက်ခံတွေ့ဆုံခြင်း
- Tue, 25 June 2019
နေပြည်တော်၊ ဇွန်လ (၂၅) ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းသည် မြန်မာနိုင်ငံ ဆိုင်ရာ UNODC ရုံးမှ Country Manager ဖြစ်သူ Mr. Troels Vester အား ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး(UNODC)တို့အကြား ကျွမ်းကျင်မှုနည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစီ အစဉ်နှင့် ပတ်သက်ပြီး ဖြောင့်မတ်တည်ကြည်မှုလူငယ်စခန်းဖွင့်လှစ်ခြင်း၊ အခြေခံပညာကျောင်း များအတွက် ဖြောင့်မတ်တည်ကြည်မှုပညာပေးရေးအစီအစဉ်များတိုးမြှင့် ဆောင်ရွက်လျက်ရှိခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် ရန် အစီအစဉ်အပါအဝင် နှစ်ဦးနှစ်ဖက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များအပေါ် ဆွေးနွေးကြပါသည်။
တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး နှင့် ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်တို့ တက်ရောက်ခဲ့ပါသည်။