အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး H.E. Ms. Andrea Faulkner အား လက်ခံတွေ့ဆုံ
- Wed, 12 June 2019
နေပြည်တော်၊ ဇွန်လ (၁၂) ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး H.E. Ms. Andrea Faulkner အား ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးဌာန (၁၈) ခုတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့(CPU)ဖွဲ့စည်းဆောင်ရွက်နေမှု၊ ကျောင်းသားလူငယ်များ၏ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး အတွက် မူလတန်းအဆင့်၊အလယ်တန်းအဆင့် ပညာပေးအစီအစဉ်များ ဆောင်ရွက်နေမှု၊ ဖြောင့်မတ် တည်ကြည်မှု လူငယ်စခန်းကို နေပြည်တော်တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့မှု၊ အများပြည်သူအကျိုး ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေး ဥပဒေ (မူကြမ်း) ရေးဆွဲဆောင်ရွက်နေမှု အပါအဝင် ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အတူ အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် တို့ တက်ရောက်ခဲ့ကြပါသည်။