အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် New Zealand နိုင်ငံမှ Deputy Secretary Mr. Ben King အား လက်ခံတွေ့ဆုံ

  • Thu, 7 February 2019

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် New Zealand နိုင်ငံမှ Deputy Secretary Mr. Ben King အား လက်ခံတွေ့ဆုံ


နေပြည်တော် ဖေဖေါ်ဝါရီ ၇



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် New Zealand နိုင်ငံ Ministry of Foreign Affairs and Trade မှ Asia and Americas Group ၏ Deputy Secretary Mr. Ben King နှင့် မြန်မာနိုင်ငံဆိုင်ရာ New Zealand သံအမတ်ကြီး H.E. Mr. Steve Marshall တို့အား ယနေ့ ညနေ(၅)နာရီတွင် MGallery Hotel ၊ နေပြည်တော်တွင် လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကော်မရှင်မှ ၂၀၁၉ခုနှစ် လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်နေမှုများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မှုများနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့အတွက် New Zealand နိုင်ငံ၏ Ombudsman Office က ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးနှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်တို့ တက်ရောက်ကြသည်။