အင်ဒိုနီးရှားနိုင်ငံ (KPK) မှ ဒုတိယဥက္ကဋ္ဌ Mr. Laode Muhammad Syarif ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု

  • Mon, 6 August 2018

အင်ဒိုနီးရှားနိုင်ငံ (KPK) မှ ဒုတိယဥက္ကဋ္ဌ Mr. Laode Muhammad Syarif ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အတွင်းရေးမှူး ဦးဆောင်သောအဖွဲ့သည် အင်ဒိုနီးရှား နိုင်ငံ (KPK) မှ ဒုတိယဥက္ကဋ္ဌ Mr. Laode Muhammad Syarif ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ၆-၈-၂၀၁၈ ရက်နေ့(၁၀:၄၅)နာရီမှ (၁၂:၀၀) နာရီထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင် ၏သမိုင်းကြောင်း၊ဖွဲ့စည်းမှုနှင့်လုပ်ငန်း ဆောင်ရွက်ချက် များအား ရှင်းလင်း ပြောကြားခဲ့ပြီး KPK ဒုတိယဥက္ကဋ္ဌ မှလည်း KPK ၏ အမှုစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်း တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ