ဖရိုင်းဒရစ်နောမင်း လွတ်လပ်မှုဖောင်ဒေးရှင်း( Friedrich Naumann Foundation) မြန်မာနိုင်ငံရုံးခွဲမှ တာဝန်ခံ Ms. Jella Fink နှင့်တွေ့ဆုံဆွေးနွေးမှု

  • Fri, 6 July 2018

 ဖရိုင်းဒရစ်နောမင်း လွတ်လပ်မှုဖောင်ဒေးရှင်း( Friedrich Naumann Foundation) မြန်မာနိုင်ငံရုံးခွဲမှ တာဝန်ခံ Ms. Jella Fink နှင့်တွေ့ဆုံဆွေးနွေးမှု


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်သော အဖွဲ့ အား ဖရိုင်းဒရစ်နောမင်း လွတ်လပ်မှုဖောင်ဒေးရှင်း( Friedrich Naumann Foundation) မြန်မာနိုင်ငံ ရုံးခွဲမှ တာဝန်ခံ Ms. Jella Fink ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၆-၆-၂၀၁၈ ရက်နေ့ (၁၀:၀၀)နာရီမှ (၁၀:၃၅) နာရီထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ တွေ့ဆုံဆွေးနွေး ခန်းတွင် လာရောက်ဂါရဝပြု တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဆောင်ရွက် နေသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ အနက် အခြေခံပညာ အဆင့်မှစတင်၍ အဂတိလိုက်စားမှုတားဆီးကာကွယ် တိုက်ဖျက်ရေးဆိုင်ရာ ပညာပေးဖျော်ဖြေရေး အစီအစဉ်ရေးဆွဲ ဆောင်ရွက်နေမှု၊ လူထုပညာပေး တီဗွီဇာတ်လမ်းတိုများ ရိုက်ကူးရန် စီစဉ်ဆောင်ရွက်နေမှုနှင့် ဖရိုင်းဒရစ်နောမင်း လွတ်လပ်မှု ဖောင်ဒေးရှင်းက မြန်မာနိုင်ငံ အတွင်း ဆောင်ရွက်နေသည့် ပညာပေးလုပ်ငန်းများနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ပါသည်။

 

 

ဆက်စပ် သတင်းများ