UNDP မှ ကျင့်ဝတ်ဆိုင်ရာကျွမ်းကျင်သူ Dr. Stuart C.Gilman နှင့် တွေ့ဆုံဆွေးနွေးမှု

  • Thu, 12 April 2018

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း ဦးဆောင်သော အဖွဲ့သည် UNDP မှ ကျွမ်းကျင်သူ Dr. Stuart C.Gilman ဦးဆောင်သော အဖွဲ့အား ၁၂-၄-၂၀၁၈ ရက်နေ့ တွင် ၁၀:၀၀ နာရီမှ ၁၀:၂၀နာရီထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ တွေ့ဆုံဆွေးနွေးခန်းတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

        တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်းရေးဆွဲလျှက်ရှိသည့် ကော်မရှင်အဖွဲ့ဝင်နှင့် ကော်မရှင် ဝန်ထမ်းများ လိုက်နာရမည့်ကျင့်ဝတ်(မူကြမ်း) ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊အပြီးသတ်ထုတ်ပြန်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍  ဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ