Bilateral Meeting of capacity building တွေ့ဆုံဆွေးနွေးမှု

  • Tue, 26 September 2017

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းဦးဆောင်သော အဖွဲ့ သည် UNODC ရုံး မှ Programme Officer Ms.Susanne Dahl နှင့် နိုင်ငံတကာအကြံပေး အရာရှိ Mr.K.Raghavan တို့အား ၁၃-၇-၂၀၁၇ ရက်နေ့ ၁၄:၀၀ နာရီမှ ၁၆:၁၀ နာရီအထိ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ သင်တန်းခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

        တွေ့ဆုံဆွေးနွေးပွဲတွင် UNODC မှ နည်းပညာကူညီပံ့ပိုးမည့် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးခြင်း၊ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းဆိုင်ရာ လိုအပ်ချက်များ အကဲဖြတ်ခြင်း (Training Needs Assessment) ကိစ္စရပ်များ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ