UNDP နှင့် UNITAR မှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံဆွေးနွေးမှု

  • Tue, 8 November 2016

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်ဦးထင်ကျော် ဦးဆောင်သော အဖွဲ့သည် United Nations Development Programme (UNDP)  နှင့် United Nation Institute for Training and Research (UNITAR) မှ Jerome L'host ဦးဆောင်သော အဖွဲ့အား ၈-၁၁-၂၀၁၆ ရက်နေ့  ၁၄:၀၀နာရီမှ ၁၅:၃၀နာရီထိ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် ရေးဆွဲရန်နှင့် နိုင်ငံဝန်ထမ်းများ၏ ကျွမ်းကျင်မှု အရည်အသွေး သတ်မှတ်ချက် ရေးဆွဲရန် စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ