အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် တရားစွဲဆိုခံရသည့် မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်း အမှုစစ်အရာရှိ ရဲအုပ်ကျော်သက်ခိုင်ကို စီရင်ချက် အမိန့်ချမှတ်

  • Thu, 28 December 2017

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကန်တာယာဉ်တိမ်းမှောက်မှုနှင့်စပ်လျဉ်း၍ အမှုစစ် အရာရှိ ရဲအုပ်ကျော်သက်ခိုင်က ငွေတောင်းခံခြင်းနှင့် မတရားအမှုဆင် တရားစွဲဆိုခြင်းအား အရေးယူပေးပါရန် နစ်နာသူမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြား ခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေး ခဲ့ရာ မွန်ပြည်နယ် ရေးမြို့၊ မြို့မရဲစခန်း အမှုစစ်အရာရှိ ရဲအုပ်ကျော်သက်ခိုင် (လ ၁၉၉၅၉၃) သည် အမှုစစ်ရဲအရာရှိ၏ လုပ်ပိုင်ခွင့်ကို အသုံးပြုလျက် လာဘ်ငွေများ တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအား ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၆ ဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့တွင် မွန်ပြည်နယ်တရားလွှတ်တော်၌ တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် (၁/၂၀၁၇)ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ပြစ်မှုထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ် (၅)နှစ် ကျခံစေရန် အမိန့် ချမှတ်ခဲ့ပါသည်။

ဆက်စပ် သတင်းများ