ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကျိုက်စကိုင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ) ဦးမြအောင်အပေါ် တိုင်ကြားသည့် ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ အရေးယူဆောင်ရွက်ထားမှုအခြေအနေ

  • Tue, 4 July 2017

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့၊ မင်္ဂလာရပ်ကွက်နှင့် တိုက်ကြီးမြို့နယ်၊ ကျိုက်စကိုင်းကျေးရွာနေ နစ်နာသူတို့က လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိပြီးဖြစ်သည့် မြေများ ရောင်းဝယ်ရာတွင် ငွေကြေးပေးခဲ့ရခြင်းအပေါ် အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ပေးပို့တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ တိုက်ကြီးမြို့နယ်၊ ကျိုက်စကိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ) ဦးမြအောင်သည် လယ်ယာမြေ ၉.၆၁ ဧကအတွက် ငွေကျပ် ၁၉ သိန်း တောင်းခံရယူခဲ့ကြောင်းနှင့် လယ်ယာမြေအရောင်းအဝယ်စာချုပ် ချုပ်ဆိုရာတွင် တစ်ဧကလျှင် ငွေကျပ် ၅၀၀၀ဝိ/-နှုန်းဖြင့် ငွေကျပ် ၄၈ သိန်း ရယူပြီး သက်သေအဖြစ် လက်မှတ်ရေးထိုး ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ဇူလိုင်လ (၅)ရက်နေ့က တရားစွဲဆို အရေးယူဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြေတိုင်း(၅) (ကျေးရွာလယ်ယာမြေ စီမံခန့်မှုအဖွဲ့ အတွင်းရေးမှူး) ဦးကျော်ဇောအောင်သည် အထက်အရာရှိထံသို့ တင်ပြခြင်းမရှိဘဲ ၎င်း၏ သဘောဆန္ဒဖြင့် မြေပုံကြမ်းရေးဆွဲ၍ ပေးအပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၀(ခ)အရ အရေးယူရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန သို့ အကြောင်းကြားထားပြီး ဖြစ်ပါသည်။

ဆက်စပ် သတင်းများ