အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပမည်

  • Mon, 17 June 2019

 

နေပြည်တော်၊ ဇွန် ၁၇

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ တို့နှင့်ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ နည်းပညာအကူအညီဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများအား မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ ပြည်နယ်ခန်းမတွင် “အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာတာဝန်ယူမှု” ခေါင်းစဉ်ဖြင့် ၂၄-၆-၂၀၁၉ ရက်နေ့၌ လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့ ၊ သီရိဘားအံဟိုတယ်တွင် “အုပ်ချုပ်ရေးနှင့်စီးပွားရေးဆိုင်ရာ ဖြောင့်မတ် တည်ကြည်မှု” ခေါင်းစဉ်ဖြင့် ၂၅-၆-၂၀၁၉ ရက်နေ့၌လည်းကောင်း ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

    အလုပ်ရုံဆွေးနွေးပွဲများတွင်  ပြည်နယ်အစိုးရအဖွဲ့များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ ပြင်ပပညာရှင်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)မှကိုယ်စားလှယ်၊ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ရှင်းလင်း ဆွေးနွေးကြမည်ဖြစ်သည်။

    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများသို့ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ကော်မရှင်ရုံးဝန်ထမ်းများ တက်ရောက်မည်ဖြစ်ပါသည်။

 

ဆက်စပ် သတင်းများ