အများပြည်သူအကျိုး ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေးဥပဒေကြမ်းပြုစုရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

  • Fri, 17 May 2019

အများပြည်သူအကျိုး ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေးဥပဒေကြမ်းပြုစုရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း


နေပြည်တော်၊ မေ ၁၇

 အများပြည်သူအကျိုး ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေး ဥပဒေ(မူကြမ်း) အလုပ်ရုံဆွေးနွေးပွဲကို Grand Amara ဟိုတယ်တွင် ယနေ့နံနက်(၀၉:၃၀) အချိန်၌ ကျင်းပပြုလုပ် ခဲ့သည်။ အခမ်းအနားသို့ ကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ၊ UNODC နှင့် UNDP  တို့မှ ကိုယ်စားလှယ်များ ၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၃၁)ခုတို့မှ ကိုယ်စားလှယ်အရာ ရှိကြီးများ စုံညီစွာတက်ရောက်ကြ ပါသည်။ အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး UNODC မှ Ms. Marie Pegie Cauchois က အလုပ်ရုံဆွေးနွေးပွဲအား ကြိုဆိုပါကြောင်းနှင့် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်း (UNCAC)အပိုဒ် (၃၃)ပါ ပြဌာန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

    ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် UNCAC အပိုဒ်(၃၃)အရ လည်းကောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)၏ မဟာဗျူဟာ လုပ်ငန်းစဉ် ၁.၄.၅ အရလည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် ၂၀၁၈-၂၀၂၁ အရ လည်းကောင်း ထုတ်ဖော်သတင်းပေးသူ များအား အကာအကွယ်ပေးရေးအတွက် ဥပဒေတစ်ရပ် လိုအပ် ကြောင်းနှင့် ဥပဒေမူကြမ်းအား သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တက်ရောက် လာသူများက စဉ်းစားဆွေးနွေးပေးကြရန် မေတ္တာရပ်ခံ ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲအားပြုလုပ်ရာ ကော်မရှင်အတွင်းရေးမှူးက ဥပဒေကြမ်းပါ စာပိုဒ်များကို တစ်ပိုဒ်ချင်းရှင်းလင်း၍ တက်ရောက်လာကြသူများက ဆွေးနွေးခဲ့ကြပြီး အခမ်းအနား ကို ၁၇:၀၀ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။


      

ဆက်စပ် သတင်းများ