စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျင့်ဝတ်သိက္ခာခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

  • Tue, 13 November 2018

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၏ နည်းပညာ အကူအညီဖြင့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား "စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျင့်ဝတ်သိက္ခာ"ခေါင်းစဉ်ဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော် ခန်းမ၌ နိုဝင်ဘာ ၁၇ ရက် တွင် ကျင်းပသွားမည်ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ ဒေသခံစီးပွားရေး လုပ်ငန်း ရှင်များ၊ အရပ်ဖက် လူမှုအဖွဲ့ အစည်းများမှ ကိုယ်စား လှယ်များက ရှင်းလင်းဆွေးနွေးကြမည် ဖြစ်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်၊ ကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ရပ်မိ ရပ်ဖများ၊ စီးပွားရေး အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ကော်မရှင်ရုံးဝန်ထမ်းများ တက်ရောက် ကြမည်ဖြစ်သည်။

ဆက်စပ် သတင်းများ