အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် UNODC နှင့်ပူးပေါင်း၍ Focus Group Discussion on Revised Investigation Manual ဖွင့်ပွဲအခမ်းအနားပြုလုပ်

  • Tue, 20 November 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် UNODC နှင့်ပူးပေါင်း၍ Focus Group Discussion on Revised Investigation Manual ဖွင့်ပွဲအခမ်းအနားပြုလုပ်


မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် (United Nation Office on Drugs and Crime-UNODC)နှင့် ပူးပေါင်း၍ Focus Group Discussion on Revised Investigation Manual ကို ၂၀-၁၁-၂၀၁၈၊ နံနက် ဝ၉:ဝ၀ နာရီအချိန်တွင် နေပြည်တော်ရှိ Hotel Ryoal ACE တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲတွင် ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက အဖွင့်အမှာစကား ပြောကြား ခဲ့ရာတွင် စုံစမ်းစစ်ဆေးမှုဆိုင်ရာ လက်စွဲစာစောင်ကို အပြီးသတ် ရေးဆွဲပြုစုရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ကြောင်း၊ အဆိုပါ စုံစမ်းစစ်ဆေးရေးလက်စွဲသည် စစ်ဆေးရေးမှူးများ အတွက် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့ပါက Manual အဖြစ် အားကိုး အားထားပြုနိုင်မှာ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်မှုများကို ပွင့်လင်းမြင်သာစွာနဲ့ အများပြည်သူသိရှိအောင် ထုတ်ပြန်ဆောင်ရွက်လျှက် ရှိကြောင်း၊ ကော်မရှင်၏ Mission သည် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် လုပ်ဆောင်လျက်ရှိရာ အောင်မြင်မှုရရှိရန် ကော်မရှင်ရုံး ဝန်ထမ်း အင်အားဖွဲ့စည်းပုံကို တိုးချဲ့ဆောင်ရွက်ခဲ့ပြီး ဝန်ထမ်းသစ်များ ပြောင်းရွှေ့ခန့်ထားကာ သင်တန်းပေးလေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ရုံးခွဲများဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ စုံစမ်းစစ်ဆေးရေးမှူး များကိုလည်း Manual နှင့်အညီ လေ့ကျင့် သင်ကြားကြရမှာဖြစ်သလို အခြားအဖွဲ့အစည်းများ နှင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ကော်မရှင်ရုံး ဝန်ထမ်းများ၏ ကိုယ်ကျင့်တရား စောင့်ထိန်းမှုများကို Code of Conduct နှင့်လက်ကိုင်ထားရှိ ကာကွယ်ဆောင်ရွက် လျက်ရှိကြောင်း ၊ Investigation Manual မှာ အခန်း( ၆ )ခန်းပါဝင်ပြီး စတုတ္ထအကြိမ် ဥပဒေ ပြင်ဆင်မှုနှင့်အတူ နည်းဥပဒေအား ပြင်ဆင် ဖြည့်စွက်ခြင်း၊ ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီအောင် ရေးဆွဲထားခြင်းဖြစ်၍ ယခုဆွေးနွေးပွဲ ပြီးသွားလျှင် စုံစမ်းစစ်ဆေးရေးမှူးများအတွက် အားထားရတဲ့ အနာဂတ်မှာ မရှိမဖြစ်လိုအပ်တဲ့ စုံစမ်းစစ်ဆေးရေး လက်စွဲတစ်စောင်ဖြစ်လာမှာ ဖြစ်ပါကြောင်း တက်ရောက်လာသူများအနေဖြင့် Manual နှင့်ပတ်သက်၍ လိုအပ်မှု ဖြစ်နိုင်ခြေများကိုလည်း ထည့်သွင်းစဉ်းစားပြီး ပြင်ဆင်ဖြည့်စွက် ရမည့်အချက်များကို တက်ညီလက်ညီဖြင့် ကြိုးစားအကြံဉာဏ် ပေးသွားဖို့လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဟန်ညွန့်၊ ဒေါ်မြတ်မြတ်စိုး၊ဦးမျိုးမြင့်၊ ဒေါ်လဲ့လဲ့သွင်နှင့် UNODC မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသူ၊ သင်တန်းသား(၃၀)ဦးနှင့်အတူ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ