ကော်မရှင်အဖွဲ့ဝင်နှင့် ကော်မရှင်ဝန်ထမ်းများလိုက်နာရမည့် ကျင့်ဝတ်(Code of Conduct) ရေးဆွဲရေးဆွေးနွေးပွဲ

  • Tue, 10 April 2018

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) တို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် ကော်မရှင်အဖွဲ့ဝင်နှင့် ကော်မရှင်ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်(Code of Conduct) ​ရေးဆွဲရေး ဆွေးနွေးပွဲကို  ၁၀-၄-၂၀၁၈ ရက်နေ့ ၀၉:၃၀ နာရီမှ ၁၃:၃၀ နာရီထိ နေပြည်တော်၊ Park Royal Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် UNDP မှ Chief Technical Adviser Mr. Christopher Politics တို့က အဖွင့်အမှာစကားပြောကြားပြီးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်  ဦးထင်ကျော်မှ ကော်မရှင်နှင့် UNDP တို့ ပူးပေါင်းပြုစုထားသည့် ကျင့်ဝတ်(မူကြမ်း) ကို အခန်း တစ်ခန်းချင်းအလိုက် ရှင်းလင်းဖတ်ကြားရာ တက်ရောက်လာသူများက ဝိုင်းဝန်း ဆွေးနွေးခဲ့ ပါသည်။

ဆွေးနွေးပွဲသို့ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇော်ဝင်း၊ ဦးစိုးတင့်၊ ဦးအောင်လွင်၊ ဦးဟန်ညွှန့်၊ ဦးခင်မောင်မြင့်၊ ဒေါ်လဲ့လဲ့သွင်၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော် နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး UNDP မှ ကျွမ်းကျင်သူ Dr. Stuart C.Gilman ၊ Chief Technical Adviser Mr. Christopher Politics နှင့် ဒေါ်သင်းသင်းအောင်တို့ တက်ရောက်ခဲ့ပါသည်။

ဆက်စပ် သတင်းများ