ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဆွစ်ဇာလန်နိုင်ငံ သံရုံးတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ပိုင်ဆိုင်မှုများ ပြန်လည်ပေးအပ်ခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံကောင်းများ သိရှိနားလည်မှု မြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ (Asset Recovery Seminar)

  • Mon, 15 May 2017

    ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ Horizon Lake View Hotel တွင် ၅-၄-၂၀၁၇ ရက်နေ့ (၀၉:၀၀) နာရီအချိန်မှ (၁၄:၄၅) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့သည့် ပိုင်ဆိုင်မှုများ ပြန်လည် ပေးအပ်ခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံကောင်းများ သိရှိနားလည်မှု မြှင်တင်ခြင်း ဆိုင်ရာ ဆွေးနွေးပွဲ (Asset Recovery Seminar) ကို မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သော အရာထမ်း (၅) ဦး ပါဝင်တက် ရောက်ခဲ့ပါသည်။

   မြန်မာနိုင်ငံအနေဖြင့် နောင်နှစ်များတွင် နိုင်ငံတကာ၌ ဘဏ္ဍာရေးနှင့် ငွေကြေးစီးဆင်းမှုများ တိုးမြှင့်လာနိုင်ဖွယ်ရှိကြောင်း၊ ထိုသို့ ဖွံ့ဖြိုးတိုးတက်မှု များနှင့်အတူ ဘဏ္ဍာရေးနှင့်ငွေကြေး စီးဆင်းမှု များတွင် တရားဝင်ဖြစ်ရန်လိုအပ်ကြောင်း၊ ပိုင်ဆိုင်မှုများ ပြန်လည်ရယူခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆွစ်ဇာလန်နိုင်ငံ၏ ပိုင်ဆိုင်မှုများ ပြန်လည်ရယူခြင်းဆိုင်ရာ အတွေ့အကြုံများ ရှင်းလင်းဆွေးနွေးမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လက်ရှိပြဋ္ဌာန်းထားသည့် ပြည်တွင်းဥပဒေများအရ ပိုင်ဆိုင်မှုများ ပြန်လည်ရယူခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အတွေ့အကြုံများ ရရှိစေရန်အတွက် ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါသည်။

    ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ Horizon Lake View Hotel တွင် ၅-၄-၂၀၁၇ ရက်နေ့ (၀၉:၀၀) နာရီအချိန်မှ (၁၄:၄၅) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့သည့် ပိုင်ဆိုင်မှုများ ပြန်လည် ပေးအပ်ခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံကောင်းများ သိရှိနားလည်မှု မြှင်တင်ခြင်း ဆိုင်ရာဆွေးနွေးပွဲ (Asset Recovery Seminar) ကို တက်ရောက်ရခြင်းဖြင့် ကုလသမဂ္ဂ ပြန်လည် သုံးသပ်ရေး လုပ်ငန်းစဉ်(ဒုတိယစက်ဝန်း) တွင်သုံးသပ်ခြင်းဆောင်ရွက်ရမည့်အခန်း(၅)၊"ပိုင်ဆိုင်မှု များ ပြန်လည်ရယူခြင်း" နှင့် စပ်လျဉ်း၍ နိုင်ဂျီးရီးယားနိုင်ငံ၏ SAC ကို သုံးသပ်ရာတွင်လည်း ကောင်း၊ မြန်မာနိုင်ငံ၏ SAC ပြုစုရာတွင်လည်းကောင်းများစွာ အထောက်အကူ ဖြစ်စေမည်ဖြစ် ပါသည်။

    ထို့ပြင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြန်လည်သုံးသပ်ရာတွင်လည်းကောင်း၊ ပိုင်ဆိုင်မှုပစ္စည်းများ သိမ်းယူခြင်းတွင် နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများဖြင့် ရယူ ဆောင်ရွက်ရာတွင်လည်းကောင်း၊ လေ့လာဆည်းပူးရန် လိုအပ်ပါကြောင်းနှင့် ပိုင်ဆိုင်မှုပစ္စည်းများ ပြန်လည်ရယူခြင်းဆိုင်ရာ နည်းစနစ်များလည်း ကျွမ်းကျင်မှု အကူအညီရယူရန် လိုအပ်မည်ဖြစ်ပါသည်။      

ဆက်စပ် သတင်းများ