UNCAC ပြန်လည်သုံးသပ်ရေး ဒုတိယစက်ဝန်း လုပ်ငန်းစဉ်အတွက် အစိုးရဌာနဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ အဖွဲ့ဝင်(၂)ဦး နိုင်ဂျီးရီးယားနိုင်ငံသို့ Country Visit

  • Wed, 10 May 2017

UNCAC ပြန်လည်သုံးသပ်ရေး ဒုတိယစက်ဝန်း လုပ်ငန်းစဉ်အတွက် အစိုးရဌာနဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ အဖွဲ့ဝင်(၂)ဦး နိုင်ဂျီးရီးယားနိုင်ငံသို့ Country Visit


နိုင်ဂျီးရီးယားနိုင်ငံ၊ Abuja မြို့တွင် ၂၀၁၇ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ဂျီးရီးယားနိုင်ငံ၏ UNCAC ပြဋ္ဌာန်းချက်များ အပေါ် ဒုတိယအကြိမ် စက်ဝန်း အကောင်အထည်ဖော်ဆောင်ရွက်မှု သုံးသပ်ညှိနှိုင်း အစည်းအဝေး သို့ မြန်မာနိုင်ငံအစိုးရဌာနဆိုင်ရာ ကျွမ်းကျင်  ပညာရှင်များအဖွဲ့ (Governmental Experts Team) မှ ကျွမ်းကျင်ပညာရှင် ကိုယ်စားလှယ် (၂)ဦး ဖြစ်သော ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအကြံပေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာဦး နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေးဆိုင်ရာ မူခင်းတားဆီးနှိမ်နင်းရေး  ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ဝင်းသိန်းတို့ တက်ရောက်ခဲ့ပါသည်။

နိုင်ဂျီးရီးယားနိုင်ငံ၏ သက်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများဖြစ်သည့် The Independent Corrupt Practices and Other Xlated Offences Commission (ICPC),The Code of Conduct Bureau (ICBC), Code of Conduct Tribunal (CCT), Technical Unit on Governance and Anti-Corruption Reforms (TUGAR), Negia Extractive Industries Transparency Initiative (NEITI), The Bureau of Public Procurement (BPP), The Financial Responsibility Commissions (FRC), Nigeria Financial Intelligent Unit (NFIU) အဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းပေါင်းများစွာမှ အဆင့်မြင့်အရာရှိကြီးများ၊ လူမှုအဖွဲ့အစည်း များနှင့်အတူ သုံးသပ်သူများအဖြစ် UNODC မှ ကျွမ်းကျင်သူ (၃)ဦး၊ အိုင်ဗရိကို့စ်မှ (၁)ဦး၊ မြန်မာနိုင်ငံမှ (၂)ဦး တက်ရောက်ခဲ့ပါသည်။

"နိုင်ဂျီးရီးယားနိုင်ငံ၏ SAC အပေါ် ပြန်လည်သုံးသပ်သည့် အစည်းအဝေးကျင်းပနေစဉ်"

နိုင်ဂျီးရီးယား Country Visit သည် ၎င်းနိုင်ငံပေါ် Review လုပ်ရုံသာမက မြန်မာနိုင်ငံအပေါ် လာရောက် သုံးသပ်မည့် Second Circle Review အတွက် လေ့လာနိုင်ခဲ့ပြီး အတွေ့အကြုံများ ယူနိုင်ခဲ့ပါသည်။ Chapter 2 နှင့် 5 အတွက် နိုင်ဂျီးရီးယားနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ငွေကြေးအဖွဲ့အစည်းများ၊ ရှေ့နေချုပ်ရုံး၊ တရားရေး ဝန်ကြီးဌာန၊  တရားမဝင်ငွေကြေးဆိုင်ရာတိုက်ဖျက်ရေးဆိုင်ရာ အဖွဲ့အစည်းများ၏ သက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ ကိုယ်တိုင် ကျွမ်းကျင်ပြည့်စုံစွာ ဖြေဆိုကြပါသည်။ နိုင်ဂျီးရီးယားနိုင်ငံတွင် အဆိုပါ Chapter 2 နှင့် 5 အတွက် တည်ဆဲဥပဒေပြဋ္ဌာန်းချက်များ များစွာရှိပြီး လုပ်ငန်းတာဝန် ပေါင်းစပ် ညှိနှိုင်းမှု လိုအပ်နေ၍ အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာချမှတ်ရန် ဆောင်ရွက်လျက်ရှိပါသည်။

UNODC နှင့် ကျွမ်းကျင်သူများ၏ UNCAC အပိုဒ်တစ်ပိုဒ်ချင်းအပေါ် အသေးစိတ်မေးမြန်း သုံးသပ်ခြင်းဖြစ်ပါသည်။ ဥပဒေပြဋ္ဌာန်းချက်များ အတော်အသင့် ပြည့်စုံသော်လည်း အသေးစိတ် မေးမြန်း၍ ကွန်ဗင်းရှင်းပါ တာဝန်ရှိမှုအား လိုက်လျောထားခြင်းမရှိသည့် အချက်များအပေါ် အကြံပြုထောက်ပြခြင်း ဖြစ်ပါသည်။ မိမိနိုင်ငံအား Review လုပ်ခံရသည့် အချိန်တွင် စနစ်ကျသည့် ဖွဲ့စည်းခြင်း၊ တာဝန် ခွဲဝေသတ်မှတ်ပေးခြင်း၊ အစည်းအဝေးကျင်းပစဉ် ကျနစွာ ခုခံချေပခြင်း၊ အုပ်ချုပ်မှုကိစ္စ ကျစ်လစ်စေ့စပ်စွာ ဆောင်ရွက်ခြင်းများကို အသင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် အတွေ့အကြုံများ ရရှိခဲ့ပါသည်။

ဆက်စပ် သတင်းများ

UNCAC