ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ထိုင်းနိုင်ငံ အဂတိ ဆန့်ကျင်ရေး အမျိုးသား ကော်မရှင်တို့အကြား နှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးခြင်း

  • Wed, 1 February 2017

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ထိုင်းနိုင်ငံ အဂတိ ဆန့်ကျင်ရေး အမျိုးသား ကော်မရှင်တို့အကြား နှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးခြင်း


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ထိုင်းနိုင်ငံ အဂတိဆန့်ကျင်ရေးအမျိုးသားကော်မရှင်တို့အကြား  အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ MoU အား ကြိုတင်ညှိနှိုင်းနှစ်ဘက် သဘောတူကြသည့် Postal mail ဖြင့်  လက်မှတ်ရေးထိုးခြင်းအား ကော်မရှင်ဥက္ကဋ္ဌမှ ၂၆-၁-၂၀၁၇ ရက်နေ့တွင်လည်းကောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၂၀၁၇ခုနှစ်၊  ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့်The Regional Conference on Fast-tracking Implementation of UNCAC (Technical Workshop) နှင့် (Main Conference) ကျင်းပစဉ် အစည်းအဝေးသို့ တက်ရောက်သည့် ကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့နှင့် ယူဆောင်သွားသော MoU အား ထိုင်းနိုင်ငံ အဂတိဆန့်ကျင်ရေးအမျိုးသားကော်မရှင်ဥက္ကဋ္ဌမှ ၁-၂-၂၀၁၇ ရက်နေ့တွင် လည်းကောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌  လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။

နားလည်မှုစာချွန်လွှာ ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) အဖွဲ့ဝင်နိုင်ငံတို့အကြားပူးပေါင်းဆောင်ရွက်မှုတည်ဆောက်ရေးနှင့်အဓွန့်ရှည်ခိုင်မြဲစေရေး၊

(ခ) အဂတိလိုက်စားမှုကို ပူးပေါင်းကာကွယ်တားဆီးရန်နှင့် တိုက်ဖျက်ရန်အတွက် အဖွဲ့ဝင်နိုင်ငံတို့၏ ဖွဲ့စည်းမှုဆိုင်ရာ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရေး၊ မြှင့်တင်ရေး နှင့် မြင့်မားစေရေးတို့ ဖြစ်ပါသည်။

နှစ်နိုင်ငံအဂတိလိုက်စားမှုနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်ရာတွင် အတွေ့အကြုံများ အလေ့အကျင့်ကောင်းများမျှဝေရန်၊ သတင်းအချက်အလက်များ မျှဝေဖလှယ်ရန်၊ ထိရောက်သော စုံစမ်းစစ်ဆေးမှု နည်းလမ်းများနှင့် အတွေ့အကြုံကောင်းများမျှဝေရန်၊ စုံစမ်းစစ်ဆေးမှုစွမ်းရည် မြင့်မားလာစေရန် အတွက် အစည်းအဝေးများ၊ ဆွေးနွေးပွဲများသို့ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ဖိတ်ကြားရန်နှင့် အခြား အဂတိတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ပါသည်။

ဆက်စပ် သတင်းများ