အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၃/၂၀၂၁) ဖွင့်လှစ်ခဲ့မှု အခြေအနေ

  • Fri, 9 July 2021

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာန၊ မူဝါဒနှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာနအနေဖြင့် အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၃/၂၀၂၁) အား အမှုထမ်း (၆၃) ဦးဖြင့်  ၂၃-၆-၂၀၂၁ ရက်နေ့မှ ၂၉-၆-၂၀၂၁ ရက်နေ့အထိ ကော်မရှင်ရုံး၊ စုပေါင်းခန်းမနှင့် သင်တန်းခန်းမတို့တွင် ဖွင့်လှစ်ခဲ့ပါသည်။

     အဆိုပါသင်တန်းတွင် ကော်မရှင်ကျင့်ဝတ်၊ ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေး သဘောတူစာချုပ်(UNCAC)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေ၊ အဂတိလိုက်စားမှုသဘောသဘာဝနှင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များ၊ ကော်မရှင်၊ ကော်မရှင်ရုံးဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ လုပ်ငန်းကော်မတီ(၆)ခု၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ဦးစီးဌာန(၂)ခု၏ လုပ်ငန်းတာဝန်များရှင်းလင်းခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်း၊ ရုံးလုပ်ငန်းလက်စွဲ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊နည်းဥပဒေ၊ အဂတိလိုက်စားမှုနှင့် နှစ်အလိုက် စစ်တမ်းကောက်ယူခြင်း၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုနှင့် လမ်းညွှန်ချက်များ စသည့်ဘာသာရပ်များကို သင်ကြားပို့ချခဲ့ပါသည်။  

ဆက်စပ် သတင်းများ