အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲပြုလုပ်ခြင်း

  • Fri, 5 July 2019

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲပြုလုပ်ခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဆန္ဒပြု ပြောင်းရွှေ့လာသော ဝန်ထမ်းများနှင့်ဖွင့်လှစ်ခဲ့သည့် အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဆင်းပွဲအခမ်းအနားကို ၅-၇-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီတွင် ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပပြလုပ်ခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသား၊ သင်တန်းသူ (၅၆)ဦး၊ စုစုပေါင်းအင်အား (၁၀၉)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၁၉) ကို ဇွန်လ ၁၇ ရက်မှ ဇူလိုင်လ ၅ ရက်နေ့အထိ (၃)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ အရာထမ်းများက ကော်မရှင်ဖွဲ့စည်းခြင်း သမိုင်းနှင့် လုပ်ငန်းတာဝန်၊ လုပ်ငန်းကော်မတီများ၏ ဆောင်ရွက်မှုများ၊ ကော်မရှင်ကျင့်ဝတ်၊ ဥပဒေ၊ နည်းဥပဒေ၊ စုံစမ်းစစ်ဆေးခြင်းဘာသာရပ်၊ UNCAC ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ချက်များနှင့် ကော်မရှင်ရုံး ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို သင်ကြားပို့ချပေးခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းထူးချွန်ဆု ရရှိသော အရာထမ်း သင်တန်းသား ကသ-၁၄၊ ဦးမျိုးမင်းဇံအား ကော်မရှင်အဖွဲ့ဝင် ဦးမျိုးမြင့်မှ လည်းကောင်း၊ သင်တန်းသူ ထူးချွန်ဆုရရှိသော အမှုထမ်းသင်တန်းသူ ကသ-၃၃၊ ဒေါ်ခင်မာအေးအား ကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့်မှ လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ သင်တန်းဆင်းလက်မှတ်များကို သင်တန်းသူ/သင်တန်းသားများ ကိုယ်စား ကသ-၂၊ ဦးဖြူစိုးကြည်အား ကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်က ပေးအပ်ခဲ့ပြီး ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်စပ် သတင်းများ