အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဖွင့်ပွဲ ပြုလုပ်ခြင်း

  • Mon, 17 June 2019

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေးသင်တန်း  အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဖွင့်ပွဲ ပြုလုပ်ခြင်း


နေပြည်တော် ဇွန်လ ၁၇ ရက်

၁။            အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၀၉)ကို ကော်မရှင်ရုံး၊ စုပေါင်းခန်းမတွင် ယနေ့နံနက်(၀၉:၀၀)နာရီအချိန် ၌ ဖွင့်လှစ်သည်။

၂။             သင်တန်းဖွင့်ပွဲတွင် ကော်မရှင်အတွင်းရေးမှူး၊ ဦးစန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာ၌ ကော်မရှင်ရုံးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား ကော်မရှင် ဥပဒေ၊ နည်းဥပဒေဘာသာရပ်၊ ကော်မရှင်၏ လုပ်ငန်းကော်မတီ(၆)ရပ်၏ ဆောင်ရွက်မှု၊ ကော်မရှင် ကျင့်ဝတ်၊ စုံစမ်းစစ်ဆေးရေးဘာသာရပ်၊ အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သော အကြောင်းအရာများကို ကောင်းစွာ သိရှိတတ်ကျွမ်းနားလည်ရန်၊ သင်ကြားမှာ ဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဘာသာရပ်အလိုက် ကျွမ်းကျင်သူ၊ ဌာနတာဝန်ခံ ညွှန်ကြားရေးမှူးများက ပို့ချပေးမှာ ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များအပေါ်တွင် စိတ်အားထက်သန် ပြင်းပြရန် လိုကြောင်း၊ ဝန်ထမ်းများ၏ ယခင်လုပ်ငန်းအတွေ့ အကြုံများသည် လည်း ကော်မရှင်အတွက် များစွာအထောက်အကူပြုမှာ ဖြစ်ကြောင်း၊ ကော်မရှင်ကို ဂုဏ်သိက္ခာ ရှိသော၊ ပြည်သူမှ အားကိုးယုံကြည်သော၊ အဖွဲ့အစည်းတစ်ခုဖြစ်အောင် ဆောင်ရွက်ရာ၌ ကော်မရှင်ရုံးဝန်ထမ်းများသည် ဖြောင့်မတ်တည်ကြည်သူများ၊ ကိုယ်ကျင့်တရားကောင်းမွန်သူများ ဖြစ်ရန် အထူးလိုအပ်ပါကြောင်း၊ ကော်မရှင်ရုံးဝန်ထမ်းများ လိုက်နာရန်အတွက် အခြေခံမူ(၆)ချက် ပါဝင်သော ကော်မရှင်ကျင့်ဝတ်ကို မဖြစ်နေလိုက်နာရန် လိုအပ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် ယုံကြည်ချက်၊ ခံယူချက်ပြည့်ဝစွာဖြင့် ကော်မရှင်အတွက် အားကိုး ယုံကြည်ရသူများ ဖြစ်အောင် ကြိုးစားသင်ယူကြရန် မှာကြားခဲ့ပါသည်။

၃။            သင်တန်းတွင် ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနတာဝန်ခံ ညွှန်ကြားရေးမှူးများမှ သင်ခန်းစာများ ပို့ချပေးမည် ဖြစ်ပါသည်။

၄။      သင်တန်းဖွင့်ပွဲသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ ဆန္ဒပြုပြောင်းရွှေ့လာသော ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး ဇွန်လ ၁၇ ရက် မှ ဇူလိုင်လ ၅ ရက်နေ့ထိ (၃) ပတ်ကြာ ဖွင့်လှစ်မည် ဖြစ်ပါသည်။

ဆက်စပ် သတင်းများ