အကျိုးစီးပွားပဋိပက္ခနှင့် အဂတိဆက်နွယ်မှု- အပိုင်း (၅)

  • Thu, 25 August 2022

ကော်မရှင်၏ဆောင်ရွက်ချက်

            အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အများပြည်သူအကျိုးစီးပွားအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို  “အမျိုးသားရေးတာဝန်အဖြစ်ဆောင်ရွက်လျက်ရှိရာ” အမှုကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ ဆုံးဖြတ်ဆောင်ရွက်ရာတွင် အကျိုးစီးပွားပဋိပက္ခဖြစ်ပေါ်မှု အခြေအနေကို မှန်ကန်တည့်မတ်စွာကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် “တစ်ဦးတစ်ယောက်တည်း၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခွင့်မပြုဘဲ အများသဘောဆန္ဒဖြင့် ဆုံးဖြတ်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။”

    ၎င်းအပြင် ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများသည် နေ့စဉ်ပြုမူဆောင်ရွက်ရာတွင် ကြုံတွေ့လာနိုင်သည့် အကျိုးစီးပွားပဋိပက္ခများကို နည်းလမ်းမှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် လက်တွေ့လိုက်နာကျင့်သုံးနိုင်ရန်အတွက် “ကော်မရှင်ကျင့်ဝတ်ကို ရေးဆွဲထုတ်ပြန်ခဲ့ပြီး ၎င်းကျင့်ဝတ်နှင့်အညီ ဆုံးဖြတ်ဆောင်ရွက်လျက်ရှိပါသည်။”

စီးပွားရေးနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများ

         စီးပွားရေးလုပ်ငန်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများသည်လည်း ဝန်ဆောင်မှုနှင့် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာ၌ မိမိတို့၏ အကျိုးအမြတ်/အမြတ်အစွန်း တစ်ခုတည်း ကိုသာကြည့်၍ ဆောင်ရွက်ခြင်းထက် စားသုံးသူများ၏ အကျိုးစီးပွားကို အလေးထားဆောင်ရွက်ခြင်းဖြင့် အဖွဲ့အစည်း၏ ခိုင်မာတောင့်တင်းမှုနှင့် ရေရှည်ရပ်တည်နိုင်မှုကို ရရှိနိုင်မည်ဖြစ်ပါသည်။  


ဆက်စပ် သတင်းများ