အဂတိပယ်ခွာ ပြည်သာယာမို့ နိုင်ငံ့ဂုဏ်ကို မြှင့်တင်စို့

  • Thu, 14 April 2022

နိုင်ငံတကာနှင့် အဂတိ

    ကုလသမဂ္ဂအထွေထွေညီလာခံက ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ ဆုံးဖြတ်ချက် အမှတ် ၅၈/၄ အရ ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေး နေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ပြည်သူများအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိအမြင်များ ကျယ်ပြန့်လာစေရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးကဏ္ဍများတွင် အလေးထားပူးပေါင်းဆောင်ရွက်လာနိုင်ရေးတို့အတွက် ကမ္ဘာတစ်ဝန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အခမ်းအနားများကို သိသိမှတ်မှတ် ကျင်းပပြုလုပ်လျက်ရှိပါသည်။ နိုင်ငံတကာ တွင် အဂတိလိုက်စားမှုများ လျော့ပါးကင်းစင်ပြီး ပြည်သူတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ကုလသမဂ္ဂက “၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်”တစ်ခုအနေဖြင့် “ ငြိမ်းချမ်း၍ အားလုံးပါဝင်နိုင်သော အဖွဲ့အစည်းများ တိုးတက်စေရေး၊ တရားမျှတရေးနှင့် တာဝန်ခံမှု၊ တာဝန် ယူမှုရှိသော လူတိုင်းပါဝင်သည့် အဖွဲ့အစည်းများ ထူထောင်ရေး” ဖော်ဆောင်လျက်ရှိပါသည်။

နိုင်ငံတကာနှင့် အဂတိ

    ကုလသမဂ္ဂအထွေထွေညီလာခံက ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ ဆုံးဖြတ်ချက် အမှတ် ၅၈/၄ အရ ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေး နေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ပြည်သူများအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိအမြင်များ ကျယ်ပြန့်လာစေရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးကဏ္ဍများတွင် အလေးထားပူးပေါင်းဆောင်ရွက်လာနိုင်ရေးတို့အတွက် ကမ္ဘာတစ်ဝန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အခမ်းအနားများကို သိသိမှတ်မှတ် ကျင်းပပြုလုပ်လျက်ရှိပါသည်။ နိုင်ငံတကာ တွင် အဂတိလိုက်စားမှုများ လျော့ပါးကင်းစင်ပြီး ပြည်သူတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ကုလသမဂ္ဂက “၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်”တစ်ခုအနေဖြင့် “ ငြိမ်းချမ်း၍ အားလုံးပါဝင်နိုင်သော အဖွဲ့အစည်းများ တိုးတက်စေရေး၊ တရားမျှတရေးနှင့် တာဝန်ခံမှု၊ တာဝန် ယူမှုရှိသော လူတိုင်းပါဝင်သည့် အဖွဲ့အစည်းများ ထူထောင်ရေး” ဖော်ဆောင်လျက်ရှိပါသည်။

သန့်ရှင်းသောအစိုးရ

    စည်းကမ်းကောင်းမွန်၍ဒီမိုကရေစီပြည့်ဝသော နိုင်ငံတော်တည်ဆောက်ရာတွင် သန့်ရှင်း သော အစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်များ လိုအပ်ပါသည်။ ကောင်းမွန်သောအုပ်ချုပ်ရေး စနစ်ကို ဖော်ဆောင်ရာတွင် အဂတိလိုက်စားမှုကင်းစင်ရန် လိုအပ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်မှုနယ်ပယ်အသီးသီးတွင် အဂတိလိုက်စားမှုပုံစံအမျိုးမျိုးနှင့် ဆက်နွယ်လျက် ရှိတတ်ကြ ပါသည်။ အဂတိလိုက်စားမှုဆိုရာတွင် တိုင်းပြည်ဘဏ္ဍာငွေကြေးပစ္စည်းများကို အလွဲသုံးစားပြုမှု သာမဟုတ်ဘဲ နိုင်ငံရေးတွင် လုပ်ပိုင်ခွင့်အာဏာများကို အလွဲသုံးစားပြုခြင်း၊ မလျော်ဩဇာ သုံးခြင်းများလည်း ပါဝင်ပါသည်။

နိုင်ငံတကာမှ သင်ခန်းစာများ

    တောင်ကိုရီးယားသမ္မတဟောင်းဖြစ်သူ ပတ်ဂွန်ဟီးကို တောင်ကိုရီးယားတရားလွှတ်တော် ချုပ်က အဂတိလိုက်စားမှုများနှင့် လုပ်ပိုင်ခွင့်အလွဲသုံးစားပြုမှုများအတွက် ၁၄-၁-၂၀၂၁ ရက်နေ့တွင် ထောင်ဒဏ်နှစ် ၂၀ နှင့် ငွေဒဏ် ဝမ် ၁၈ ဘီလီယံ ပြင်ဆင်ချမှတ်ခဲ့ပါသည်။ ပြစ်မှုဆိုင်ရာစွဲချက် ၁၈ ချက်နှင့် တရားစွဲဆိုခဲ့ပြီး ၁၆ ချက်မှာ ပြစ်မှုထင်ရှားခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးခေါင်းဆောင်ဖြစ်ပြီး ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုအတွက်လည်း သီးခြားထပ်မံ၍ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။ သူမသည် ယခင်သမ္မတဟောင်း ပတ်ချွန်ဟီး၏ သမီးဖြစ်သည်။ သူမသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်း ဆမ်ဆောင်းအပါအဝင် ကုမ္ပဏီအချို့ထံမှ ဒေါ်လာ သန်းပေါင်းများစွာအား သူမ၏သူငယ်ချင်းဖြစ်သူနှင့် ပူးပေါင်း ကြံစည်မှုအတွက် ပြစ်မှုထင်ရှားသဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်တွင် တောင်ကိုရီးယား သမ္မတနိုင်ငံတွင် အချိန်ကြာမြင့်စွာစစ်ဆေးခဲ့သည့် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုနှင့် အဂတိလိုက်စားမှုကြီး ဖြစ်ခဲ့ပါသည်။

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်

       မလေးရှားတရားရုံးက ဝန်ကြီးချုပ်ဟောင်းနာဂျစ်ရာဇတ် (ယခုအသက် ၆၉ နှစ်)ကို မလေးရှားနိုင်ငံဖွံ့ဖြိုးရေးရန်ပုံငွေများမှ မလေးရှားရင်းဂစ် ၄၂ မီလီယံကို ကြားခံကုမ္ပဏီများမှ တစ်ဆင့် နာဂျစ်၏ ကိုယ်ပိုင်ဘဏ်ငွေစာရင်းများသို့ လွှဲပြောင်းပေးခဲ့မှုများနှင့်စပ်လျဉ်း၍ စွဲချက် ၇ ခုအပေါ် ပြစ်ဒဏ် ထောင်ဒဏ် ၁၂ နှစ်နှင့် ဒဏ်ငွေ ရင်းဂစ်သန်း ၂၁၀ ချမှတ်ခဲ့ပါသည်။ နာဂျစ်သည် အီတလီနိုင်ငံတွင် လက်ဝတ်ရတနာများဝယ်ယူရာတွင် ယူရို ၆၂၀,၀၀၀ နှင့် ဟာဝိုင်ရီ တွင် ယူရို ၈၄၀,၀၀၀ သုံးစွဲထားသည်တို့ကိုလည်း စိစစ်တွေ့ရှိခဲ့ရသည်။ ဆော်ဒီတော်ဝင်မိသားစုက လှူဒါန်းငွေများကိုလည်း ၎င်း၏ဘဏ်စာရင်းတွင် ထည့်ထားခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ နာဂျစ်၏ဇနီးအပါအဝင် ၎င်း၏နိုင်ငံရေးပါတီ UMNO ပါတီဝင်များကိုလည်း အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံခဲ့ကြရသည်။ နိုင်ငံရေးလေ့လာသုံးသပ်သူများက ဤကဲ့သို့အရေးယူဖော်ထုတ်နိုင် ခဲ့ခြင်းမှာ မလေးရှားနိုင်ငံဂုဏ်သိက္ခာကို မြှင့်တင်နိုင်ခဲ့ပြီး ပြည်သူတို့အတွက် အောင်ပွဲတစ်ရပ် ဖြစ်ကြောင်း ဝေဖန်သုံးသပ် ခဲ့ကြသည်။ 

နိုင်ငံရေးလက်စားချေခြင်းလော

    နိုင်ငံတကာသင်ခန်းစာများအရ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စသည့် နိုင်ငံများတွင်လည်း နိုင်ငံရေး အာဏာလုပ်ပိုင်ခွင့်များကို မလွန်ဆန်နိုင်ကြဘဲ အဂတိလိုက်စားမှုဖြစ်စဉ်မှတ်တမ်းများ ရှိခဲ့ကြ ပါသည်။ ဖြစ်စဉ်သာဓကများအရ “မည်သူမပြု၊ မိမိမှု”တို့ပင် ဖြစ်ကြပါသည်။ မြန်မာတို့၏ ဆိုရိုး စကားအရ “ကိုယ်ပြုသည့်ဒဏ် ကိုယ်သာခံ”ကြရမည်ဖြစ်ပါသည်။ ယနေ့နိုင်ငံတော်တွင် အဂတိ လိုက်စားမှုများနှင့်ပတ်သက်၍ အရေးယူထားဆဲ အမှုဖြစ်စဉ်များမှာလည်း တရားဝင်ကြေငြာ ထုတ်ပြန်ထားသည့် စစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံရေးလက်စားချေခြင်းလော၊ “မည်သူမပြု၊ မိမိတို့၏အမှုများပင်လော”ဆိုသည်မှာ ရိုးသားသော နိုင်ငံရေးအမြင်ရှိသူတိုင်းအတွက် အထူးရှင်းချက် ထုတ်ရန်မလိုဟု ယုံကြည်ပါသည်။

ဥပဒေအထက်တွင် မည်သူမျှမရှိ

    ဥပဒေကို လူတို့ကပြဋ္ဌာန်း၍ ဥပဒေက လူတို့ကို ပြန်လည်ထိန်းကျောင်းခဲ့ကြပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း UNCAC ပြဋ္ဌာန်းချက်များအရ လေးကြိမ်တိုင်တိုင် ပြင်ဆင်ရေးဆွဲခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ ၁၆၅ နိုင်ငံ မြောက် ဖြစ်ခဲ့ပါသည်။ နိုင်ငံအချင်းချင်း ငါးနှစ်တစ်ကြိမ် သုံးသပ်ရေးလုပ်ငန်းစဉ်များ လက်တွေ့ ကျင့်သုံးလျက်ရှိကြပါသည်။ ကော်မရှင်သည် ဥပဒေပါပြဋ္ဌာန်းချက်များကို ထိရောက်စွာ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ဥပဒေမူဘောင်များခိုင်မာစေရန်၊ နည်းဥပဒေအဟောင်း အား လက်တွေ့ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် အားနည်းချက်များကို ကုစားနိုင်ရန်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနည်းဥပဒေကိုလည်း ပြန်လည်ပြင်ဆင်ရေးဆွဲ ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ ယခုအခါတွင်လည်း ဥပဒေအထက်တွင် မည်သူမျှမရှိစေဘဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအား မုန်းခြင်း၊ ချစ်ခြင်းကင်းသော၊ အဂတိကင်းသော၊ ယခင်အစိုးရနှစ်ဆက်က အတည်ပြုပြဋ္ဌာန်းခဲ့သော ဥပဒေ၊ နည်းဥပဒေများနှင့် ပိုမိုကျယ်ပြန့်ထိရောက်စွာ စိစစ်ဖော်ထုတ် အရေးယူခြင်းသာ ဖြစ်ပါသည်။

အဂတိလိုက်စားမှုဆိုသည်မှာ

    ဥပဒေတွင် ဖွင့်ဆိုပြဋ္ဌာန်းထားချက်မှာ “မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ဥပဒေနှင့်အညီပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်ကို ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီရထိုက်သောအခွင့်အရေးကို မမှန်မကန်ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကို တစ်ဦးတစ်ယောက်အားပေးခြင်း၊ ပေးရန်အားထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်း၊ ရယူရန် အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း” တို့ဖြစ်သည်။ သက်ဆိုင်ရာအစိုးရဌာန၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ သဘောတူ စာချူပ်တစ်ခုတွင် တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေခြင်းတို့သည်လည်း အဂတိလိုက်စားမှု ထမြောက်ပါသည်။

သတိပြုရန်ပြစ်ဒဏ်များ

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ 

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ သို့မဟုတ် လုပ်ပိုင်ခွင့်အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်ဆယ်နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ 

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇ အရ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူနှင့် လုပ်ပိုင်ခွင့်အာဏာရှိသူမှအပ အခြားမည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ 

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၉ အရ မည်သူမဆို ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန်ရည်ရွယ်၍ ဤဥပဒေပါ ပြစ်မှု တစ်ခုခုကို ကျူးလွန်သည်ဟုလည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်း ဖြစ်သည်ဟုသော်လည်းကောင်း မမှန်မကန်သတင်းပေးပို့ခြင်း၊ တိုင်တန်းခြင်းပြုကြောင်း  ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ 

    တိုင်ကြားခံရသူသည် နိုင်ငံ့ဝန်ထမ်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေအရ အရေးယူသင့်သည်ဟု စိစစ်တွေ့ရှိရပါက သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးပို့ အရေးယူစေရန် ဆက်လက်အကြောင်းကြား ရပါသည်။

ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော ဥပဒေများသာဖြစ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေမှာ ယခုမှအသစ်ပြဋ္ဌာန်းခြင်းမဟုတ်ပါ၊ ဥပဒေအာဏာ တည်ခဲ့သည့်နေ့မှာ ၁၇-၉-၂၀၁၃ ရက်နေ့ဖြစ်ပါသည်။ ပထမအကြိမ်ပြင်ဆင်ခြင်းကို ၂၃-၇-၂၀၁၄ ရက် နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃၂/၂၀၁၄)ဖြင့် ပုဒ်မ (၄)ခုအား ပြင်ဆင်ခဲ့သည်။ ဒုတိယအကြိမ် ပြင်ဆင်ရာ၌ ၂၉-၇-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃၃/၂၀၁၆)နှင့်လည်းကောင်း၊ တတိယအကြိမ် ပြင်ဆင်ခြင်းအား ၃၁-၇-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၈/၂၀၁၇)နှင့်လည်းကောင်း၊ စတုတ္ထအကြိမ် အဖြစ်၂၁-၆-၂၀၁၈ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၂၀/၂၀၁၈) နှင့် ပုဒ်မ(၂၄)ခု အား ပြင်ဆင်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဤဥပဒေများကို (မူကြမ်း) ညှိနှိုင်းအစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ အကြံပြုချက်များရယူကာ နိုင်ငံတကာဥပဒေ များနှင့်လည်း ရင်ဘောင်တန်းနိုင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် သန့်ရှင်းသောအစိုးရ နှင့် ကောင်းမွန်သောအုပ်ချုပ်ရေး စနစ်များ ပေါ်ထွန်းလာစေရန် ချစ်ခြင်း၊ မုန်းခြင်း ကင်းရှင်းစွာဖြင့် ၂၀၁၃ ခုနှစ်ကပင် စတင်ရေးဆွဲ ပြဋ္ဌာန်းပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သဘောထား

၁၅-၃-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁)၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား ခဲ့သော အမှာစကားကောက်နုတ်ချက်အရ  မိမိတို့ တာဝန်ထမ်းဆောင်ချိန်တွင် အဂတိတရား ကင်းရှင်းစွာဖြင့် တိုင်းပြည်အကျိုးကို ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် NLD ပါတီမှ ပုဂ္ဂိုလ်များနှင့် ၎င်းတို့နှင့်ပတ်သက်သူများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရာတွင် ကောင်းမွန်စွာ ထားရှိစစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ဖော်ထုတ်ရရှိသည့် ၎င်းတို့၏ပြောကြားချက် များမှ အချို့ကို သတင်းထုတ်ပြန်ပေးခဲ့ပြီးဖြစ်သလို ထပ်မံဖော်ထုတ်ရရှိမှုများကိုလည်း ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ အဂတိလိုက်စားမှုများ ကျူးလွန်ထားသည့် ပြည်နယ်/ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအဆင့်ရှိ တာဝန်ရှိသူများကိုလည်း ဆက်လက်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပါသည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ရာတွင် ကောင်းမွန်သောအုပ်ချုပ်မှုစနစ်များဖြစ်ထွန်းရေးသာ ရည်ရွယ်၍ နိုင်ငံရေး ကလဲ့စားချေခြင်းမျိုး လုံးဝမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်ပါသည်။

နိုင်ငံ့ဂုဏ်ကို မြှင့်တင်ကြပါစို့

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးအား နိုင်ငံတော်အစိုးရက အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တယားတွင် အရေး ပါသော နိုင်ငံ့ဝန်ထမ်းများအခန်းကဏ္ဍကိုလည်း အရေးယူခြင်း၊ တားဆီးပညာပေးခြင်းများနှင့် ကြပ်မတ်လျက်ရှိပါသည်။ ယနေ့ကိုင်တွယ်ဖြေရှင်းနေရသော စိန်ခေါ်မှုများအား သတိကြီးစွာ စိစစ်ဆောင်ရွက်နေရသကဲ့သို့ နောင်တစ်ချိန်တွင် အစိုးရအဆက်ဆက် သင်ခန်းစာယူဖွယ်ရာ စီရင်ထုံး၊ သမိုင်းမှတ်တိုင်များအဖြစ် တွင်ကျန်ရစ်ခဲ့ရန် အရေးကြီးပါသည်။ နိုင်ငံတကာမျက်နှာစာ တွင်လည်း အဂတိလိုက်စားမှုများအားတိုက်ဖျက်၍ ပြည်သူတို့နှင့် နိုင်ငံတော်၏ ပုံရိပ်ဂုဏ်သတင်းကို မြှင့်တင်နိုင်ရန်အတွက် ပြည်သူလူထုပူးပေါင်းပါဝင်ကြရန် အရေးကြီးသောကာလဖြစ်ပါတော့သည်။


မောင်ချစ်အေး


ဆက်စပ် သတင်းများ