အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဆရာ/ ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှု အစီအစဉ်များကျင်းပ

  • Fri, 31 March 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဆရာ/ ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှု အစီအစဉ်များကျင်းပ


နေပြည်တော်၊ မတ်လ (၃၀) ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာတွင် အဓိကကျသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်း တည်ဆောက်ရန်အတွက် ဆရာ/ ဆရာမများ မွမ်းမံသင်တန်းများတွင် အသိပညာပေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ရာ ကယားပြည်နယ်ရှိ လွိုင်ကော်မြို့ အ.ထ.က(၁)၊ ဒီးမော့ဆိုမြို့ရှိ အ.လ.က(၂)၊ ဘောလခဲခရိုင်နှင့် မယ်စဲ့ခရိုင်ရှိ အ.ထ.က ကျောင်းများတွင် Online စနစ်ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပြီး ဆရာ/ ဆရာမများကလည်း စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

        



ဆက်စပ် သတင်းများ