အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဆရာ/ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှု အစီအစဉ်များကျင်းပ

  • Wed, 29 March 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဆရာ/ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှု အစီအစဉ်များကျင်းပ


နေပြည်တော်၊ မတ်လ ၂၉ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာတွင် အဓိကကျသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်း တည်ဆောက်ရန်အတွက် ဆရာ/ဆရာမများ မွမ်းမံသင်တန်းများတွင် အသိပညာပေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ရာ ကော်မရှင်အဖွဲ့ဝင်များက ကြီးကြပ်လိုက်ပါလျက် ကော်မရှင်(ရုံးခွဲ)များမှ အရာထမ်းများက နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ အထက(၉)တွင်လည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) ရှိ အထက(၅)တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ အလက(၇)တွင်လည်းကောင်း၊ မော်လမြိုင်မြို့ရှိ အထက(၆)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ အထက(၁)တို့တွင်လည်းကောင်း၊ အသိပညာပေးဆောင်ရွက်ခဲ့ပြီး ဆရာ/ဆရာမများကလည်း စိတ်ဝင်တစား မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။









ဆက်စပ် သတင်းများ