အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဆရာ/ ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှု အစီအစဉ်များ ကျင်းပ

  • Tue, 28 March 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဆရာ/ ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှု အစီအစဉ်များ ကျင်းပ


နေပြည်တော်၊ မတ်လ (၂၈) ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာတွင် အဓိကကျသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်း တည်ဆောက်ရန်အတွက် ဆရာ/ဆရာမများ မွမ်းမံသင်တန်းများတွင် အသိပညာပေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ရာ ကော်မရှင်(ရုံးခွဲ) များမှ အရာထမ်းများက ကရင်ပြည်နယ် ဘားအံမြို့ရှိ အထက (၁) တွင် လည်းကောင်း၊ မကွေးတိုင်းဒေသကြီးရှိ အထက(၁)တွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ စမ်းချောင်းမြို့နယ်ရှိ အထက (၁၂) တွင် လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့) ကျိုင်းတုံမြို့ရှိ အထက (၂) နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ အထက (၁) တို့တွင် လည်းကောင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး ဆရာ/ ဆရာမများကလည်း စိတ်ဝင်တစား မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။




ဆက်စပ် သတင်းများ