အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဆရာ/ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှုအစီအစဉ်များ ကျင်းပ

  • Fri, 24 March 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဆရာ/ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှုအစီအစဉ်များ ကျင်းပ


နေပြည်တော်၊ မတ်လ ၂၄  ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာတွင် အဓိကကျသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်း တည်ဆောက်ရန်အတွက် ဆရာ/ဆရာမများ မွမ်းမံသင်တန်းများတွင် အသိပညာပေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ရာ ကော်မရှင်အဖွဲ့ဝင်များက ကြီးကြပ်လိုက်ပါလျက် ကော်မရှင် (ရုံးခွဲ) များမှ အရာထမ်းများက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစည်မြို့နယ်ရှိ အထက (၂၆) တွင်လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့) ရှိ ကျိုင်းတုံ  အထက (၂) နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ တောင်ကြီး အထက (၂) တို့တွင် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ် အထက(၁)တွင်လည်းကောင်း၊ ကယားပြည်နယ်ရှိ လွိုင်ကော် အထက (၁) နှင့် အလက (၂)၊ ဘော်လခဲခရိုင်နှင့် မယ်စဲ့ခရိုင်ရှိ အထက ကျောင်းတို့တွင် Online စနစ်ဖြင့်လည်းကောင်း အသိပညာပေး ဆောင်ရွက်ခဲ့ပြီး ဆရာ/ ဆရာမများကလည်း စိတ်ဝင်တစား မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။



















ဆက်စပ် သတင်းများ