အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဆရာ/ ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှုအစီအစဉ်များ ကျင်းပ

  • Tue, 21 March 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဆရာ/ ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှုအစီအစဉ်များ ကျင်းပ


နေပြည်တော်၊ မတ်လ ၂၁ ရက်
    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာတွင်အဓိကကျသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်း တည်ဆောက်ရန်အတွက် ဆရာ/ဆရာမများ မွမ်းမံသင်တန်းများတွင် အသိပညာပေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ရာ နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ အထက (၅) နှင့် (၇) တို့တွင်လည်းကောင်း၊ ကော်မရှင် (ရုံးခွဲ)များမှ အရာထမ်းများက ရန်ကုန်မြို့ရှိ အလုံ အထက (၄) နှင့် လသာ အထက (၁) ၊ ဘားအံမြို့ရှိ အထက (၁) နှင့် (၂) ကျောင်းများတွင်လည်းကောင်း အသိပညာပေး ဆောင်ရွက်ခဲ့ပြီး ဆရာ/ ဆရာမများကလည်း စိတ်ဝင်တစား မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။


ဆက်စပ် သတင်းများ