အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သင်ခန်းစာပို့ချမှု အစီအစဉ်များဆောင်ရွက်

  • Tue, 31 January 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သင်ခန်းစာပို့ချမှု အစီအစဉ်များဆောင်ရွက်


၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ( ၃၁ ) ရက်

     အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ညှိနှိုင်းချက်အရ ၃၁-၁-၂၀၂၃ ရက်နေ့တွင် အငယ်တန်းအမှုထမ်းများအတွက် အခြေခံရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ၌ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ” ဘာသာရပ်အား ဆွေးနွေးပို့ချခဲ့သည်။

    

     ၎င်းအပြင် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး (Edu- tainment) အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်းနှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းတို့တွင် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ကော်မရှင်မှ ထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာများကို ဆွေးနွေးပို့ချခဲ့ပါသည်။

ဆက်စပ် သတင်းများ