အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သင်ခန်းစာပို့ချမှုအစီအစဉ်များ ဆောင်ရွက်

  • Wed, 11 January 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သင်ခန်းစာပို့ချမှုအစီအစဉ်များ ဆောင်ရွက်


နေပြည်တော်၊ ဇန်နဝါရီလ (၁၁) ရက်

    နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ဖွင့်လှစ်သည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ်(၆)နှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ်(၁၉)တို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ ဘာသာရပ်အား သင်ကြားပို့ချခဲ့ပြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေး ဝန်ကြီးဌာန ပူးပေါင်း၍ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး (Edu-tainment) အစီအစဉ် အဖြစ် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၁၇) အခြေခံပညာ အထက်တန်းကျောင်း၌ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများကို ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ်(ဆရာကိုင်)စာအုပ်များမှ သင်ခန်းစာများကို ဆွေးနွေးပို့ချခဲ့ပါသည်။





    ၎င်းနေ့၌ပင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၌ ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) အား CPU ၏ လုပ်ငန်းတာဝန်များ၊ တည်မြဲလုပ်ထုံးလုပ်နည်း (Standing Operating Procedure - SOP) ၊ လုပ်ငန်းလမ်းညွှန် (Terms of Reference - TOR) ရေးဆွဲခြင်း ၊ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment - CRA) ၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး PFP အသုံးပြု ဆောင်ရွက်နိုင်ရေး လက်တွေ့လေ့ကျင့်ခြင်း နည်းပညာသင်တန်း ပို့ချဆောင်ရွက်ခဲ့ကြပါသည်။


ဆက်စပ် သတင်းများ