အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edu-tainment) အစီအစဉ်များ ကျင်းပ

  • Fri, 2 December 2022

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edu-tainment) အစီအစဉ်များ ကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာလ (၂) ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကို ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက်  ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်းနှင့်အလယ်တန်း) အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့တွင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာနှင့် ပညာပေး (Edu-tainment) အစီအစဉ်ပါ အကြောင်းအရာများကို ဖော်ပြဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ကျောင်းတွင် မူလတန်း၊ အလယ်တန်း၊ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးတက်ရောက်ခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါကြီးကြပ်စစ်ဆေးပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာသိမှတ်ဖွယ်ရာ စာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အမှတ်တံဆိပ်ပါလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။

      

        ထို့အတူ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၊ မော်လမြိုင်မြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၊ တောင်ကြီးမြို့၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ရန်ကုန်မြို့၊ အလုံမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့တွင်လည်း ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edu-tainment) အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ