အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး(Edu-tainment) အစီအစဉ်များ ကျင်းပ

  • Thu, 10 November 2022

 အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး(Edu-tainment) အစီအစဉ်များ ကျင်းပ


နေပြည်တော်၊ နိုဝင်ဘာလ (၁၀) ရက်

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့်အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည် မှုမြှင့်တင်ရေး ပညာပေး (Edu- tainment) အစီအစဉ်များကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ အဆင့် (မူလတန်းနှင့်အလယ်တန်း) အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ အထက(၁)၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် မူလတန်းအဆင့်နှင့်အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ကော်မရှင်မှထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး အစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာအချို့နှင့် ပညာပေး (Edu- tainment) အစီအစဉ်ပါ အကြောင်းအရာများကို ဖော်ပြဆွေးနွေးဆောင်ရွက်ခဲ့ရာ မူလတန်းအဆင့် (Grade-5)မှ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦးနှင့် အလယ်တန်းအဆင့် (Grade-8) မှ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦး တက်ရောက်ခဲ့ရာ  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်၊ ပညာရေးဝန်ကြီးဌာနမှ  တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါကြီးကြပ်စစ်ဆေးပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။

        ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် အလက (၃) ကျောင်းတွင်လည်း ၎င်းနေ့၌ပင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး(Edu- tainment) အစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ဗဟန်းမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများ၊ မူလတန်း အဆင့်(Grade-5) မှကျောင်းသား ၊ ကျောင်းသူ (၇၆)ဦးနှင့် အလယ်တန်းအဆင့် (Grade-8) မှ ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ