အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး(Edu-tainment) အစီအစဉ်များ ကျင်းပ

  • Fri, 21 October 2022

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး(Edu-tainment) အစီအစဉ်များ ကျင်းပ


နေပြည်တော်၊ အောက်တိုဘာလ  ၂၀ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ၂၀၂၂-၂၀၂၅ မဟာဗျူဟာစီမံချက်ပါ ၂၀၂၂ ခုနှစ် လုပ်ငန်းအစီအစဉ်တစ်ခုဖြစ်သည့် “မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပညာသင်ယူရာ ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများအား အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးနိုင်ရန်” အတွက် “ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edu-tainment) အစီအစဉ်များ” ပြုလုပ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများတွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ကော်မရှင်မှ ထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာအချို့ကို ကောက်နုတ်၍ သင်ကြားပို့ချခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ ကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး အစီအစဉ်များဆောင်ရွက်ခြင်းဖြင့် အနာဂတ်တွင် ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာပြီး နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းပေါ်ပေါက် လာမည်ဖြစ်ပါသည်။

ဆက်စပ် သတင်းများ