လူ့အဖွဲ့အစည်းအတွင်းက စံသတ်မှတ်ချက်များ

  • Thu, 16 December 2021

    ငြိမ်းချမ်းသာယာတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖော်ဆောင်ရာမှာ လူတို့ကို ထိန်းကျောင်းပေးတဲ့ စည်းမျဉ်းစည်းကမ်း၊ ဉပဒေအမျိုးမျိုး သတ်မှတ်ထားပေးပါတယ်။ အဲ့ဒီသတ်မှတ်ချက်တွေကို လူ့အဖွဲ့အစည်းအတွင်းက စံသတ်မှတ်ချက်များ (Social Norms) လို့ အမည်တပ်ကြပါတယ်။ လူ့အဖွဲ့အစည်းအတွင်းက စံသတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အဓိကကျတဲ့ စံသတ်မှတ်ချက် (၃) ခုကို မျှဝေပေးချင်ပါတယ်။

ပထမသတ်မှတ်ချက်ကတော့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အပြုအမူပုံစံများ အတွက် စည်းကမ်း သတ်မှတ်ချက်တစ်ခု ဖြစ်ပါတယ်။  အင်္ဂလိပ်လိုအားဖြင့် “Folkways” လို့ ခေါ်ဆိုပြီး “ဝတ်စားဆင်ယင်မှု”၊ “ယဉ်ကျေးသောအပြုအမူ”စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒုတိယသတ်မှတ်ချက်အနေနဲ့ ကောင်းခြင်း၊ ဆိုးခြင်းစတဲ့အပြုအမူတွေကို ထိန်းသိမ်းတဲ့ စည်းမျဉ်း သို့မဟုတ် လူ့အသိုင်းအဝိုင်းတစ်ရပ်၏ စွဲမြဲသောဓလေ့ (Mores) ပဲ ဖြစ်ပါတယ်။ သာဓကအားဖြင့် လူကြီး မိဘကို ရိုသေလေးစားမှု မရှိတာ၊ သူတစ်ပါး ပစ္စည်းခိုးယူတာ အစရှိတဲ့ အပြုအမူတွေကို ပြုမူသူများကို လူ့အဖွဲ့အစည်းက ရှောင်ကြဉ်ခြင်း ဖြစ်ပါတယ်။

တတိယသတ်မှတ်ချက်တစ်ခုဖြစ်တဲ့ “Laws” ကတော့ ဥပဒေစည်းမျဉ်းစည်းကမ်းဖြစ်ပြီး ပြုမူလုပ်ဆောင်သင့်တဲ့ သတ်မှတ်ချက်တွေနဲ့ ရှောင်ကြဉ်ရမယ့်အချက်တွေကို ထင်ရှားသေချာစွာ သတ်မှတ်ထားပါတယ်။ မည်သည့်အပြုအမူက မှန်သည်/မှားသည်၊ မည်သို့ပြုမူရမည်၊ မည်သည် ကို လက်ခံရမည် အစရှိသည်တို့ကို ဖော်ပြထားပြီး ပြစ်မှုကျူးလွန်ပါက ပြင်းထန်သော အပြစ်ဒဏ်ကျခံရမည် ဖြစ်သည်။

အထက်ပါစံသတ်မှတ်ချက်(၃)ခုအနက် ပထမ(၂)ခုမှာ ထင်ရှားပြတ်သားစွာ ပြဋ္ဌာန်းထား ခြင်း မရှိပေမယ့် လူ့အဖွဲ့အစည်းက ရှုတ်ချ၊ အပြစ်တင်ခြင်း၊ ဆန့်ကျင်ခြင်း၊ ပစ်ပယ်ခြင်းစတဲ့ လူ့အဖွဲ့အစည်းကပေးတဲ့ ပြစ်ဒဏ်တွေကို ရရှိမှာဖြစ်ပါတယ်။  တတိယအချက်ဖြစ်တဲ့ ဥပဒေ ကတော့ လူတို့ရဲ့ အပြုအမူတွေကို ထိန်းချုပ်ဖို့အတွက် အကျိုးရှိဆုံး သတ်မှတ်ချက်ပဲ ဖြစ်တယ်ဆိုတာ ဖော်ပြရင်း လူ့အဖွဲ့အစည်းရဲ့ စံသတ်မှတ်ချက်တွေကို ဖော်ပြပေးလိုက် ရပါ တယ်။

(ကိုးကား - ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာအလယ်တန်း (ဆရာကိုင်) စာအုပ်)

 

ဆက်စပ် သတင်းများ